ပဲခူးတိုင်းအတွင်း မဲရုံများတွင် မဲလာပေးသူနည်းပါး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ်နဲ့ ကျောက်တံခါးမြို့ နယ်တွေမှာ ဒီကနေ့မနက်က ကျင်းပတဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်တွေ မဲလာရောက်ပေးမှု အလွန်းနည်းပါးနေပါတယ်။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄  အမျိုးသားလွှတ်တော် လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတာဖြစ်ပြီး  မဲရုံပေါင်း၃၅၃ ရုံပေါင်းနဲ့  မဲပေးပိုင်ခွင့်ဦးရေ ၃၄၀၀၀၀ ရှိပါတယ်။ ဒီအထဲမှာညောင်းလေးပင်မြို့မယ်မှာ  မဲရုံပေါင်း ၁၅၀ ရုံ၊  မဲပေးပိုင်ခွင့်ဦးရေ ၁၄၃၂၇၈ ရှိပြီး ကျောက်တံခါးမြို့နယ်မှာတော့ မဲရုံပေါင်း ၂၀၂ ရုံ၊  မဲပေးပိုင်ခွင့် ဦးရေ ၁၉၆၇၂၂ ရှိတယ်လို့သိရပါတယ်။ ဓာတ်ပုံ - နေလင်းထိုက်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up