Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည် ချီးကျုးဂုဏ်ပြုသည့် မျက်မမြင်မိန်းကလေး (ရုပ်သံ)
DVB
·
March 31, 2017
မျက်လုံး ၂ ဘက်လုံး အမြင်အာရုံ ဆုံးရှုံးခဲ့ပေမယ့် ပညာရေးဘက်မှာလဲ ထူးချွန်ပြီး လက်ရှိမှာ မသန်စွမ်းအရေး ဆောင်ရွက်နေတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ်တယောက်ကို ဂုဏ်ပြုချီးကျုး ထိုက်သူအဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်တိုင်းရင်းသား ဖခင်နဲ့ ဓနုလူမျိုး မိခင်တို့ကနေ မွေးဖွားခဲ့တဲ့ မအေးချမ်းအောင်ဟာ မွေးရာပါ ညာဘက်မျက်လုံး အမြင်အာရုံချို့ယွင်းခဲ့သူဖြစ်ပြီး အသက် ၁၀ နှစ်လောက်မှာ ဘယ်ဘက်မျက်လုံး လည်း လုံးဝအလင်းကွယ်ခဲ့ပါတယ်။ ဒါပေမယ့် မအေးချမ်းအောင်ဟာ မိခင်ဖြစ်သူရဲ့ အားပေးကူညီမှုနဲ့ ကြိုးစားလာခဲ့ရာမှာ ၂၀၀၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မြန်မာတနိုင်ငံလုံး ဝိဇ္ဖာဘာသာတွဲ ပထမအဆင့်နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပြီး မန္တလေးနိုင်ငံခြားသာသာရပ်တက္ကသိုလ်ကနေ အင်္ဂလိပ်စာ အဓိကနဲ့ B.A(English) ဘွဲ့ကို ရရှိခဲ့ပါတယ်။ လက်ရှိမှာ မအေးချမ်းအောင်ဟာ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ သူ့လို အမြင်အာရုံ ချို့ယွင်းသူတွေကို ပြန်လည်ဖေးမကူညီပေးနေသလို မသန်စွမ်းရေးရာ အဖွဲ့အစည်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်-မြန်မာ ဘာသာပြန်ခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ သူဟာ မသန်စွမ်းတွေ တန်းတူညီမျှရေး ပိုမိုဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားတက္ကသိုလ်မှာ မဟာဘွဲ့ ရယူသွားနိုင်ဖို့ ရည်ရွယ်ထားသူလို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024