အမ်းမြို့နယ်တွင် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲများ ကောက်ယူ
အာကာ
·
March 31, 2017
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ကြီးရွယ်အိုတွေရဲ့ ကြိုတင်မဲတွေကို မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့ ၂ ရက်တာ လိုက်လံကောက်ယူနေပါတယ်။
အမ်းမြို့နယ်၊ ဈေးရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးပြည့်ဖြိုးအောင်က “သက်ကြီးရွယ်အိုတွေထဲမှာ အမြင်အာရုံ၊အကြားအာရုံ ချို့တဲ့နေသူတွေ ရှိတယ်။ ဒါ့အပြင် စာမတတ်တဲ့သူတွေပါရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ မိသားစုဝင်တွေက တက်တက်ကြွကြွ ဝိုင်းကူပေးကြတော့ အဆင်ပြေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သက်ကြီးရွယ်အိုတွေရဲ့ ကြိုတင်မဲတွေကို ကောက်ယူရာမှာ ကော်မရှင်အပြင် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေပါပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိကောက်ယူနေတာဖြစ်ပါတယ်။