ဘာစီလိုနာနည်းပြရာထူးအတွက် မဖြစ်နိုင်ကြောင်း စပါးစ်နည်းပြ ပိုချက်တီနို ပြော

ဓာတ်ပုံ - ရိုက်တာ
စပါးစ်အသင်းနည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ ဘာစီလိုနာနည်းပြရာထူးအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းကို ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းတသင်းဖြစ်လာဖို့ တည်ဆောက်ပေးနိုင်တဲ့အတွက် ဘာစီလိုနာအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာစီလိုနာ လက်ရှိနည်းပြ လူးဝစ်အင်းနရစ်ဟာ ရာသီကုန်မှာ  အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ဝန်ခံထားတဲ့အတွက် ဘာစီလိုနာအသင်းက နည်းပြသစ်ရှာဖွေနေရာမှာ ပိုချက်တီနိုလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ပိုချက်တီနိုက သူ့အနေနဲ့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူနဲ့ အစောပိုင်းကတည်းက ရင်းနှီးခဲ့တာဖြစ်ကြောင်း၊ သူနဲ့ စကားပြောဖြစ်ခဲ့တာလည်း ၅ မိနစ်လောက်ပဲဖြစ်ပြီး အဲဒီမှာ သတင်းတွေအများကြီး ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်း၊ သူဟာ အက်စ်ပန်ညိုပရိသတ် ဖြစ်တာကြောင့် ဘာစီလိုနာနည်းပြဖြစ်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up