ဆန္ဒပြသူများကို ရုရှားရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်
Published By
DVB | 28 March, 2017
724
0
Share
0
Comment
0
Likes
မတ်လ ၂၆ ရက်က လူ ၅၀၀ လောက် အဖမ်းခံခဲ့ရတဲ့ ရုရှားနိုင်ငံ မော်စကိုမြို့က ဆန္ဒပြပွဲအတွင်း ရဲတွေက ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးတဲ့ ဗွီဒီယိုမှတ်တမ်းကို ရိုက်တာသတင်းဌာနက မတ်လ ၂၈ ရက်နေ့မှာ လက်ခံရရှိခဲ့ပါတယ်။
အဲ့ဒီဗွီဒီယိုမှတ်တမ်းအတွင်း ဆန္ဒပြသူတွေကို ရဲတွေက ကန်ကျောက်ဖမ်းဆီးပြီး တရွတ်တိုက်ဆွဲခေါ်သွားတာ မြင်တွေ့ကြရပါတယ်။
မတ်လ ၂၆ ရက်နေ့က ရုရှားနိုင်ငံ မြို့တော် မော်စကိုအပါအဝင် မြို့ကြီး ၈၀ ကျော်မှာ လာဘ်စားမှုကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး ဝန်ကြီးချုပ် ဒစ်မစ်ထရီ မက်ဗက်ဒက် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒပြပွဲမှာ အတိုက်အခံခေါင်းဆောင် အလက်စီ နာဗန်လ်နီ ကိုယ်တိုင် ပါဝင်ခဲ့ပြီး သူနဲ့အတူ ဆန္ဒပြသူ ၅၀၀ လောက် ဖမ်းဆီးခံခဲ့ရကြောင်း မော်စကိုကဝင်လာတဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။