A d v e r t i s e m e n t With Us

တယ်လီဖုန်း​ ဆင်း​မ်ကတ် တခု ၅၀၀၀ ကျပ် မဖြစ်နိုင်ဟု ဆက်သွယ်​ရေး​ပြော

တယ်လီဖုန်း​ဆင်း​မ်ကတ်တခု ကျပ် ၅၀၀၀ နဲ့​ ​ရောင်း​ချ​ပေး​မယ်လို့​ ကုမ္ပဏီတခုက ​ပြောကြား​ခဲ့​ပြီး​၊​ တပတ်အကြာမှာပဲ သက်ဆိုင်ရာက ဒီကိစ္စမဖြစ်နိုင်ဘူး​လို့​ ငြင်း​ချက် ထုတ်လိုက်ပါတယ်။ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ ၃ ရက်​နေ့​က ​ရွှေပြည်တံခွန် ကုမ္ပဏီက​နေ ဖုန်း​ဆင်း​ကတ်တခု ​ငွေကျပ် ၅၀၀၀ နဲ့​ မကြာမီ ​ရောင်း​ချ​ပေး​မယ်လို့​ စာနယ်ဇင်း​ ရှင်း​လင်း​ပွဲ လုပ်ပြီး​ အသိ​ပေး​ခဲ့​ပါတယ်။ ဒီသတင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​ဌာန​တွေနဲ့​ ပြည်တွင်း​ထုတ် သတင်း​ဂျာနယ်​တွေမှာလည်း​ ကျယ်ကျယ်ပြန့်​ပြန့်​ သတင်း​ဖော်ပြခဲ့​ကြပါတယ်။ ဒီသတင်း​ဟာ ဆင်း​မ်ကတ်တခု ကျပ်ငါး​သိန်း​ အနိမ့်​ဆုံး​ သုံး​စွဲ​နေရတဲ့​ မြန်မာပြည်သား​တွေအဖို့​ ဆင်း​ရဲသား​တွေပါ မကျန် လက်ကိုင်ဖုန်း​ ကိုင်နိုင်​တော့​မယ်ဆိုပြီး​ ​ပျော်တပြုံး​ပြုံး​ ဖြစ်ခဲ့​ရပါတယ်။ ဇန်နဝါရီ ၉ ရက်​နေ့​မှာ​တော့​ မြန်မာ့​ဆက်သွယ်​ရေး​ အင်ဂျင်နီယာချုပ်က ဖုန်း​ဆင်း​မ်ကတ်တခု ကျပ်၅ဝဝဝနဲ့​ ​ရောင်း​မယ်ဆိုတာဟာ ဥပ​ဒေအရ​ရော နည်း​ဥပ​ဒေအရပါ မဖြစ်နိုင်ဘူး​လို့​ သတင်း​သမား​တွေကို ရှင်း​လင်း​ ​ပြောကြား​ခဲ့​ပြန်ပါတယ်။ ​ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝနဲ့​ ​ရောင်း​ဖို့​ သမ္မတရုံး​ကို တင်ပြထား​တယ်လို့​ ​ပြောခဲ့​ပြီး​၊​ ဆက်သွယ်​ရေး​က​တော့​ သူတို့​နဲ့​ မပူး​ပေါင်း​ဘဲ အခုလို လုပ်လို့​မရဘူး​လို့​ ဆိုပါတယ်။ ကျပ် ၅၀၀၀ ဖုန်း​ဆင်း​မ်ကတ်နဲ့​ ပတ်သက်ပြီး​ ပြည်သူ​တွေအကြား​ သို့​လောသို့​လော ဖြစ်​နေကြတာမို့​ ​ရွှေပြည်တံခွန်က ကုမ္ပဏီက သတင်း​စာ ရှင်း​လင်း​ခဲ့​သူ မန်​နေး​ဂျင်း​ဒါရိုက်တာ ဦး​လွင်နိုင်ဦး​ကို ဆက်သွယ် ​မေး​မြန်း​ကြည့်​တော့​ မကြာခင် သတင်း​ထုတ်ပြန်ဖို့​ ရှိတယ်ဆိုပြီး​ ​ပြောပါတယ်။ ကုမ္ပဏီက ကျပ် ၅၀၀၀ တန် ဖုန်း​ဆင်း​မ်ကတ် ​ရောင်း​ပေး​မယ်ဆိုတာ ထုတ်​ဖော်​ပြောဆိုတုန်း​က ဝန်ထမ်း​တွေနဲ့​ အများ​ပြည်သူ​တွေ ဖုန်း​သုံး​နိုင်​အောင်၊​ ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်​ရေး​မှာ တတပ်တအား​ ပါဝင်​ဆောင်ရွက်တာပါလို့​ ​ပြောခဲ့​ပါတယ်။ သူက မြန်မာနိုင်ငံမှာ ဖုန်း​ခေါ်ဆိုခ တမိနစ် ၂၅ ကျပ်ဆိုတာကိုက များ​လွန်း​နေပြီး​ တကယ်ဆို ငါး​ကျပ်​လောက်ပဲ ကျသင့်​ရမှာ ဖြစ်သလို တယ်လီဖုန်း​ဟာ ဇိမ်ခံပစ္စည်း​ မဟုတ်ပါဘူး​လို့​ မီဒီယာ​တွေကို ​ပြောဆိုခဲ့​ပါတယ်။ မန်​နေဂျင်း​ ဒါရိုက်တာရဲ့​ သတင်း​စာရှင်း​လင်း​ပွဲ​ကြောင့်​ လက်ကိုင်တယ်လီဖုန်း​ တလုံး​ဟာ ကျပ်​ငွေ ၃၀၀၀၀ ​လောက်ရှိရင် လူတိုင်း​ကိုင်နိုင်တဲ့​ အဆင့်​ဖြစ်တာ​ကြောင့်​ ယခင်အစိုး​ရ လက်ထက်တုန်း​က ဖုန်း​တလုံး​ကိုင်နိုင်ဖို့​ သိန်း​ပေါင်း​များ​စွာ ကုန်ကျခဲ့​ရတဲ့​ အ​ခြေအ​နေ​တွေကို လူ​တွေက ​မေး​ခွန်း​တွေ ထုတ်စရာ ဖြစ်ခဲ့​ပါတယ်။ မြန်မာ့​အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံမှာ ဖုန်း​ဆင်း​မ်ကတ် တခုကို အလကား​ပေး​တာမျိုး​ ရှိပြီး​၊​ ဝယ်သုံး​ရင်လဲ ဘတ် ၅၀ က ​နေ ၁၀၀ ကြား​ပဲရှိတာမို့​ ကျပ် ၅၀၀၀ နဲ့​ ​ရောင်း​ပေး​ဖို့​ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး​လို့​ ဘန်​ကောက်က ဖုန်း​ဆင်း​မ်ကတ် ကိုယ်စား​လှယ် မြန်မာ တဦး​က ​ပြောပါတယ်။ အခုလို ဖြစ်​နေတဲ့​အ​ပေါ် ပြည်တွင်း​စီး​ပွား​ရေး​ သတင်း​အယ်ဒီတာဦး​က သံသယဖြစ်မိ​ကြောင်း​ ခုလို သုံး​သပ်​ပြောကြား​ပါတယ်။ “အစိုး​ရဘက်က ဒါကို ထုတ်ပြန်ထား​တာ မရှိဘူး​။ အစိုး​ရ ဝန်ကြီး​ကလည်း​ မသိဘူး​။ ​လော​လောဆယ် တရား​ဝင် လုပ်ကိုင်​နေတဲ့​ ဆက်သွယ်​ရေး​နဲ့​ ပတ်သက်တဲ့​ ကုမ္ပဏီ​တွေကလည်း​ မသိဘူး​။ အဲ့​တော့​ ကျ​နော်တို့​က ဒီဟာက ဘာလို့​ အခုလို ရုတ်တရက်ကြီး​ ထဖြစ်ရတာလဲ။ ထ​ပြောရတာလဲ။ အခုကျ​တော့​လည်း​ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ သတင်း​သမား​တွေကြား​မှာ လှုပ်ခတ်သွား​ပေမယ့်​ သူတို့​ဘက်က ဆက်ပြီး​ ထုတ်ပြန်တာ​တွေ၊​ ​ပြောဆိုတာ​တွေ ဘာမှ မ​ပြောဘူး​ ဖြစ်​နေတာ​ပေါ့​။ ကျ​နော်က ဒါက တစုံတရာ မှား​ယွင်း​တာလား​။ တစုံတရာ လုပ်ကြံဖန်တီး​တာလား​ဆိုတာ ကျ​နော် သံသယရှိတယ်။ ”

A d v e r t i s e m e n t With Us

More News
Up