Home
မြန်မာသတင်း
ရေး-ဖလံ-ချောင်းဝ-ကျုံကွီး လမ်းမှ ဒေသထွက်ကုန်များအချိန်တိုအတွင်း ပို့ဆောင်နိုင်မည်
DVB
·
March 28, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေး-ဖလံ-ချောင်းဝ-ကျုံကွီးလမ်းကို နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၁၁၁၆ ကျော် အကုန်ကျခံ တည်ဆောက်ပေးထားတယ်လို့ ရေးမြို့နယ် နတလ ဦးစီးဌာနက သိရပါတယ်။ ရေး-ဖလံ-ချောင်းဝ-ကျုံကွီးလမ်းကို အသုံးပြုပြီး အဓိကဒေသထွက်ကုန်တွေဖြစ်တဲ့  ရာဘာ၊ ကွမ်းသီးနဲ့ အခြားရာသီပေါ်သီးနှံတွေကို အချိန်တိုအတွင်း ကူးသန်းရောင်းဝယ်နိုင်ကြမယ့်အပြင် ပတ်ဝန်းကျင်ကျေးရွာပေါင်း ၁၇ ရွာမှ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေပါ ဖွံ့ဖြိုးအားကောင်းလာမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီလမ်းဟာ ထိုင်း-မြန်မာနယ်စပ် ထွက်ပေါက်ဖြစ်တဲ့ ဘုရားသုံးဆူကနေတဆင့် ချိတ်ဆက် အထောက်အကူပြုပြီး သွားလာနိုင်ကြမှာဖြစ်ပါတယ်။ လမ်းပေ အရှည် ၄၇ မိုင် ၆ ဖာလုံရှိတဲ့အနက် ကတ္တရာလမ်း ပေအရှည် ၃၃ မိုင် ၃ ဖာလုံသာ ခင်းကျင်းထားပြီး ကျန်ရှိနေသေးတဲ့ ကတ္တရာလမ်း ၁၄ မိုင် ၃ ဖာလုံကို လာမယ့် ဘဏ္ဍာရေးနှစ်တွေ အလိုက် ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ရေးမြို့နယ် နတလ ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အဆိုပါ ရေး-ဖလံ-ချောင်းဝ-ကျုံကွီးလမ်းအတွင်းမှာ ကတ္တရာလမ်း၊ မြေသားလမ်းအပြင် ပေ ၁၀၀ အထက်မှ ပေ ၂၄၀ အထိ တံတားအစင်း ၅ စင်း၊  ပေ ၁၀၀ အောက် တံတားအစင်းငယ်ပေါင်း ၄၀ကျော်ရှိကာ ရာမညယူနိုက်တက်ကုမ္ပဏီလိမိတက်က တာဝန်ယူလုပ်ဆောင်တာဖြစ်ပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024