DVB Logo
Home
မြန်မာသတင်း
အမတ်လောင်းစာရင်း အဖွဲ့ချုပ် ပြင်ဆင်
DVB
·
January 10, 2012
Donate to DVB

လာမယ့် ဧပြီလမှာ ကျင်းပဖို့ ​ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး၊ လူမှုရေးကဏ္ဍမှာ ထင်ရှားတဲ့ ပါတီဝင်တွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဒီဗွီဘီက စုံစမ်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်က ၀င်ပြိုင်မယ်လို့ ပါတီက အတည်ပြုထားပြီး၊ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်ကြိုင်က ပဲခူးမြို့မှာ မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် ကျန်းမာရေးအကူအညီပေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မဖြူဖြူသင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်း၊ လူမှုအထောက်အကူပြု အဖွဲ့ဝင် ဒေါ်မေ၀င်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့လည်း ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ် လျာထားစာရင်းမှာ ပါဝင်နေတယ်လို့ ပါတီအသိုင်းအ၀ိုင်းဆီက စုံစမ်းသိရှိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၅၀ ၀န်းကျင် ကျင်းပဖို့ ရှိနေပြီး၊ အန်အယ်လ်ဒီက နေရာအားလုံးမှာ ၀င်ပြိုင်ဖို့ စီစဉ်နေတာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တနင်္လာနေ့က ပါတီဖွဲ့စည်းမှုပုံကို ပြောင်းလဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်၊ တခြားအသက် ၈၀ ကျော်တဲ့ ပါတီခေါင်းဆောင်တွေကို သဘာပတိအဖြစ် တာဝန်ပေးလိုက်ပြီး၊ ဗဟိုအလုပ်အမှုဆောင်သစ်ကို ဒုတိယတန်း ခေါင်းဆောင်တွေနဲ့ ပြန်လည် တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ပါတီဝင်အဖြစ် လျှောက်လွှာတွေကိုလည်း တနင်္လာနေ့ကစလို့ လက်ခံနေပြီး ပါတီဝင်ဟောင်းတွေ သာမက လူသစ်တွေပါ ပါတီဝင်အဖြစ် လျှောက်ထားနေကြတယ်လို့ တိုင်းနဲ့ပြည်နယ်က ခေါင်းဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013