DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များကို နာရေးကူညီမှုအသင်း ကူညီမည်
DVB
·
January 10, 2012
စစ်ပြေးဒုက္ခသည်များကို နာရေးကူညီမှုအသင်း ကူညီမည်
Donate to DVB

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က လှူဒါန်းမယ်လို့ သိရပါတယ်။

ကိုကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက် ကိုယ်တိုင် မနက်ဖြန်မှာ ကချင်ပြည်နယ် ဗန်မော်ကို သွားရောက်လှူဒါန်းမယ်လို့ ကိုကျော်သူက ပြောပါတယ်။

“ငွေသားလည်းပါတယ်။ သိန်း ၃၀၀၊ စောင်၊ အနွေးထည်တို့ အလှူရှင်တွေ လာလှူထားတဲ့ ပစ္စည်းတွေလည်း ပါတယ်။ ပစ္စည်းတွေကတော့ မန္တလေးပို့လိုက်ပြီ။ မန္တလေးကနေ ဗန်းမော်ကိုပို့တာ၊ ဒီကလူက လေယာဉ်နဲ့ သွားမယ်။ ကျနော့် အမျိုးသမီး သွားမှာပါ။”

နာရေးကူညီမှုအသင်းဟာ မနှစ်က နိုဝင်ဘာလကလည်း မြစ်ကြီးနားတ၀ိုက်က ဒုက္ခသည်တွေကို အလှူငွေ သိန်း၂၀၀ အကူအညီ ပေးခဲ့ဖူးပါတယ်။

မနှစ် ဇွန်လက စတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ကချင်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား၊ ဗန်းမော်မြို့ပေါ် အပါအ၀င်၊ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် အရေအတွက် ၇ သောင်း ရှိတယ်လို့ ဂျာမနီက ဒုက္ခသည် ကူညီရေးအဖွဲ့တဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တဖွဲ့လည်း ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိတဲ့ အကူအညီ ပစ္စည်းတွေနဲ့ ကချင်ပြည်နယ် နမ္မတီးကို ရောက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013