Home
ဆောင်းပါး
ပလတ္စတစ္ကမၻာၾကီး ဘယ္လိုခ်ိန္ခြင္လွ်ာညိွမလဲ
DVB
·
January 10, 2012
ယနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ပလတ်စတစ်ကမ္ဘာကြီးလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ပလတ်စတစ်တွေကို အလွန်အကျွံ သုံးနေကြလို့ ဖြစ်ပါတယ်။ နိုင်ငံကြီး တနိုင်ငံကဆိုရင် တနာရီမှာ ပလတ်စတစ်ပုလင်း ၂.၅ သန်းကို လွှင့်ပစ်နေပါတယ်။ အတော်လေးကိုလွန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကတော့ ချိန်ခွင်လျှာညှိနေတဲ့ ကမ္ဘာကြီးပါ။ ဒီတော့ . . . ပလတ်စတစ်တွေနဲ့ ဒွေးရောယှက်တင် ဖြစ်လာတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လို ချိန်ခွင်လျှာညှိတော့မှာလဲ သုံးသပ်တင်ပြသွားပါမယ်။ ကျနော်တို့တတွေဟာ ပလတ်စတစ်တွေကို စည်းမဲ့ကမ်းမဲ့ အသုံးပြု နေကြတယ်။ အမှိုက်ပုံးတွေထဲ ရောက်သလို အချို့ကတော့ ရေမြောင်းထဲ ရောက်တယ်။ အချို့. . . လယ်ကွင်းတွေထဲ ရောက်တယ်။ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေထဲမှာ ပလတ်စတစ်တွေ နေရာယူလာကြပါတယ်။ ဒီ ပလတ်စတစ်တွေဟာ နှစ်ပေါင်းများစွာ ပျက်စီးနိုင်ခြင်း မရှိပါဘူး။ သတ္တ၀ါတွေကို ဒုက္ခပေးနေပါတယ်။ လောလောဆယ်တော့ ပလတ်စတစ်ဟာ ကမ္ဘာကြီးကို မပျက် စီးစေသေးပါဘူး။ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေရင် ပြဿနာ အကြီးကြီး ဖြစ်လာပါလိမ့်မယ်။ နောင်တခေတ်မှာ မျိုးဆက်သစ်တွေက ကျနော်တို့ကို အပြစ်တင်ကြမှာ အမှန်ပါပဲ။ ဒီအတွက် အားလုံးသတိထားကြဖို့ လိုပါတယ်။ ယနေ့ အိမ်ကပစ္စည်းတွေကို လိုက်ကြည့်ပါ။ ဘယ်ဟာက ပလတ် စတစ်လဲ။ ရေတွက်ကြည့်ပါ။ တစ်နေကုန်သွားမယ်။ ပလတ်စတစ်တွေကို ရေတွက်လို့ ကုန်မှာ မဟုတ်ဘူး။ ပလတ်စတစ်ဟာ အင်မတန်မှ ထူးခြားတဲ့ပစ္စည်းပါ။ နေရာတကာမှာ အသုံးဝင်ပါတယ်။ သူ မပါ ဘယ်အခါမှမပြီး ဆိုတာလို ဖြစ်နေပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်က ကြည့်ရင်တော့ အင်မတန် ဆိုးပါတယ်။ ဒီပလတ်စတစ်အများစုဟာ နောက်တကြိမ် အသစ်အဖြစ် ပြန်မရနိုင်တဲ့ ရုပ်ကြွင်းလောင်စာကနေ ထုတ်လုပ်ထားတာ ဖြစ်တယ်။ သူ့ကို ထုတ်လုပ်တဲ့အခါမှာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး အဆိပ်ဓာတ်ငွေ့တွေ ထွက်ပါတယ်။ နောက်ပြီး ဒီပစ္စည်းတွေဟာ အလိုအလျောက် မပျက်စီးပါဘူး။ Boidegradable မဖြစ်ပါဘူး။ ပိုပြီးဆိုးတာက ကျွန်တော်တို့က ဒါတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်နေကြတယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ဒီပလတ်စတစ်တွေ အသုံးကို လျော့ရမယ်။ စွန့်ပစ်တာကိုလည်း လျှော့ချကြရပါမယ်။ နောက်တော့ ကျွန်တော်တို့အနေနဲ့ ပလတ်စတစ်ကို ပြုလုပ်တဲ့ နည်းလမ်းတွေကို ပြောင်းလဲပစ်ရမှာ ဖြစ်တယ်။ ဒီလိုနည်းလမ်းတွေအပြင် ဘယ်ပစ္စည်းကနေ ကျွန်တော်တို့ လုပ်သလဲ။ ယခုလက်ရှိ ရုပ်ကြွင်းလောင်စာကနေ ထုတ်လုပ်တဲ့ ပုံစံကိုလည်း ပြုပြင်ဖို့လိုတယ်။ ဒီအတွက် လူတွေဟာ Bioplastastic ဆိုတဲ့ ဇီဝပလတ်စတစ်တွေကို ထုတ်လုပ်သွားနိုင်ဖို့ သုတေသနတွေ လုပ်နေကြပါတယ်။ Bioplastastic ဆိုတာ အသစ်ပြုလုပ်လို့ရတဲ့ ပစ္စည်းတွေကနေ ထုတ်လုပ်နိုင်ရမယ်။ သစ်ပင်တွေ၊ သီးနှံတွေက ထုတ်လုပ်တာမျိုးပါပဲ။ စွန့်ပစ်လိုက်တဲ့အခါ သဘာဝအတိုင်း   အလိုအလျောက် ပျက်စီးသွားစေရပါမယ်။ နောက် သူ့ကို သုံးတဲ့အခါမှာ ပုံမှန်ပလတ်စတစ်တွေလိုပဲ သုံးလို့ရစေမှာ ဖြစ်ပါတယ်။ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ သိထားတဲ့ အချက်အချို့ကို တင်ပြလိုပါတယ်။ Bioplastastic ဆိုတာကတော့ သစ်ပင်တွေကနေ ထုတ်လုပ်တာ ဖြစ်တယ်။ ရုပ်ကြွင်းလောင်စာကနေ ထုတ်လုပ်တာ မဟုတ်ပါဘူး။ Bioplastastic ဟာ ၁၈၄၅ ခုနှစ်က တီထွင်ခဲ့တဲ့ ပထမဦးဆုံး ပလတ်စတစ် ဖြစ်ပါတယ်။ celluloid လို့ ခေါ်ပါတယ်။ ၁၈၇၀ ခုနှစ်လောက်က သူ့ကို သွားစိုက်တဲ့နေရာမှာ သုံးတယ်။ ဘီးနဲ့ သွားတိုက်သွားပွတ်တံတွေမှာ သုံးခဲ့ပါတယ်။ ဒီတော့ သူ့ကိုအများကြီးသုံးတယ်ဆိုရင် သစ်ပင်တွေ အများကြီး ဆုံးရှုံးမှာပါပဲ။ နေ့စဉ်သုံးတဲ့ ပလတ်စတစ်အိတ်တွေကိုတော့ အနည်းနဲ့အများ သိကြပါတယ်။ သူတို့ဟာ သဘာဝပတ်ဝန်းကျင်အတွက် အင်မတန်ဆိုးတဲ့ ပစ္စည်းပါ။ ထုတ်လုပ်သူများက တစ်နှစ်ကို ပလတ်စတစ်တန် သန်း၂၀၀ လောက် ထုတ်တယ်။ ၃.၅ ရာခိုင်နှုန်းလောက်ကိုပဲ ပြန်လည်အသုံးပြု recycle လုပ်ပါတယ်။ ဒီတော့ တနှစ်တနှစ် ပလတ်စတစ်တန်ပေါင်း ၁၉၃သန်းဟာ ကမ္ဘာမြေပေါ် အသုံးဝင်တဲ့ပစ္စည်းတွေ ဖြစ်လာသလို စွန့်ပစ်ပစ္စည်းတွေလည်း ဖြစ်လာတယ်။ တကယ်တော့ ပလတ်စတစ်ဟာ မလွှင့်ပစ်မီအထိ အတော်လေး အသုံးဝင်တယ်။ မရှိမဖြစ် ပစ္စည်းအနေနဲ့တောင် ဖြစ်လို့နေပါတယ်။ ဒါလည်း တကယ်တော့ ကောင်းပါတယ်။ အဓိက ကတော့ လူတွေရဲ့ ပေါ့ဆမှုပါ။ အမှိုက်ပုံထဲကို ပလတ်စတစ်တွေ ရောက်တယ်။ အမှိုက်အနေနဲ့ ၂၅ ရာခိုင်နှုန်းကို မြေကြီးထဲမှာ နေရာယူတယ်။ ဒါပေမယ့် အချို့ကတော့ သမုဒ္ဒရာထဲကို ရောက်သွားတယ်။ သမုဒ္ဒရာထဲမှာ ရောက်နေတဲ့ ပလတ်စတစ် ပမာဏဟာ ရေသတ္တ၀ါအလှေးအမွှား Plankton ထက်များတယ်။ တကယ်တမ်း Bioplastic ဆိုတာဟာ ပတ်ဝန်းကျင်အတွက် အကောင်းကြီးတော့ မဟုတ်ဘူး။ အချို့ Bioplastic တွေကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ အပင်တွေ၊ အသီးအနှံတွေက ထုတ်လုပ်တယ်။ ဒီပစ္စည်းတွေဟာ သဘာဝကို ဒုက္ခပေးနိုင်တာမို့ သတိထားရပြန်တယ်။ ယခုထက်ထိတော့ သုတေသနတွေ လုပ်နေရဆဲပါပဲ။ အဓိကကတော့ သင့်ရဲ့ပလတ်စတစ် အသုံးပြုမှုပမာဏကို လျှော့ချဖို့ပါ။ မိမိရဲ့မိသားစုတွေ၊ မိတ်ဆွေတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ တတ်နိုင်သမျှ ဆွေးနွေးပါ။ အင်တာနက်ထဲ ၀င်သူများကတော့ ilsr.org ဆိုတာကိုကြည့်ပါ။ ဒါမှမဟုတ် sustanableplastic.com ကိုလည်း လေ့လာလို့ရတယ်။ ဒါတွေအားလုံးဟာ ကမ္ဘာကြီးအတွက် ကောင်းမှု လုပ်တယ်လို့ မှတ်ဖို့ပါပဲ။ ဒီလိုလုပ်ကြဖို့ ဘယ်လို စလုပ်မှာလဲ။ ရိုးရိုးလေးကနေ စလိုက်ပါ။ ပလတ်စတစ်ပစ္စည်းတွေ သုံးရတော့မယ်ဆိုရင် တာရှည်ခံတဲ့ ပလတ်စတစ် ပစ္စည်းတွေကိုသုံးပါ။ ပလတ်စတစ်ရေခွက်ကို သုံးပါ။ တခါသုံးတွေ၊ polystyrene cup  တွေကို မသုံးပါနဲ့။ ဈေးဝယ်တဲ့အခါမှာ ကျွတ်ကျွတ်အိတ်တွေအစား မိမိရဲ့အိတ်ကို ယူသွားတဲ့ အကျင့်လုပ်ပါ။ တဖြည်းဖြည်း လျှော့ပြီးနောက် အကောင်းဆုံး ဘာကိုသုံးရမယ်ဆိုတာကို ရှာတွေ့နိုင်ပါလိမ့်မယ်။ တခါသုံးပလတ်စတစ်တွေကို တခါမှမသုံးဖို့ ကြိုးစားကြည့် ပါလား။ အဲဒါ အကောင်းဆုံးပါပဲ။ ပလတ်စတစ်ကို သိအောင်ကြိုးစားပါ။ စားသောက်ဆိုင်ကနေ ထုပ်ပိုးပေးလိုက်တဲ့ အစားအသောက်(ဥပမာ ခေါက်ဆွဲထုပ်) တွေကို ပိုလီစတိုင်ရင်းတွေနဲ့ မထည့်ဖို့ စည်းရုံးပါ။ အရင်ခေတ်ကလို ဖက်နဲ့ထည့်ဖို့ မလုပ်နိုင်ရင်တောင် စတီးချိုင့်၊ သတ္တုချိုင့်များနဲ့ ထည့်ကြဖို့ ဆော်ဩကြပါ။ အန္တရာယ်ရှိတဲ့ ပလတ်စတစ်များကို သတိထားပါ။ ပလတ်စတစ်များကို မှန်မှန်ကန်ကန် မသုံးလျှင် ဥပါဒ်ဖြစ်တတ်တယ်။ ပလတ်စတစ်ကို မီးရှို့ရင် အဆိပ်ဓာတ်ငွေ့တွေ ထွက်လာ တယ်။ ပလတ်စတစ် ရေသန့်ဘူးလိုမျိုးကို နေရောင်မှာထားရင် အဆိပ်တွေ ရေထဲကို ထွက်လာတတ်တယ်။ အချိုရည် ပလတ်စတစ်ဘူးများလည်း ဒီလိုပဲ နေရောင်နဲ့ ဓာတ်ပြုနိုင်တယ်။ အထူးသဖြင့် ဒီဘူးတွေဟာ တိုက်ရိုက်နေရောင်ကြောင့် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထွက်လာစေတတ်တယ်။ ယနေ့ကမ္ဘာကြီးကို ကျွန်တော်တို့က အရေးမထားဘဲ ရပိုင်ခွင့် အနေနဲ့ အသုံးချနေတာ ကြာပါပြီ။ ဒီတော့ ကမ္ဘာကြီးမှာ ဆုံးရှုံးပျက်စီးမှုတွေ အများကြီးရှိနေပါတယ်။ နောက်တစ်ဖန် ပြုပြင်လို့မရတာတွေ အများကြီးပါပဲ။ ဒီတော့ ပထမအဆင့်အနေနဲ့ အများပါဝင်လာဖို့ ကြိုးပမ်းချက်များကို တင်ပြတာပါ။ သဘောပေါက်အောင် ကြိုးစားပါ။ ကမ္ဘာကြီးဟာ တို့ကမ္ဘာကြီးပါ။ ပလတ်စတစ်ကမ္ဘာ ဖြစ်မလာစေပါနဲ့။ လူတိုင်း တတ်နိုင်ပါတယ်။ မြေကမ္ဘာကို ကယ်တင်ကြပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024