A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး မြန်မာလုပ်သားများကို ကူညီရန်လိုအပ်

ထိုင်း​နိုင်ငံ ဘန်​ကောက်အနီး​ မဟာချိုင်ရဲက ယာယီနိုင်ငံကူး​လက်မှတ် ကွန်ပျူတာ လက်​ဗွေနှိပ်ဖို့​ မဟာချိုင်ရုံး​ကိုသွား​တဲ့​ မြန်မာအလုပ်သမား​ ၂၀ ​ကျော်ကို ​သောကြာ​နေ့​က လမ်း​မှာ ဖမ်း​ဆီး​ခဲ့​ပါတယ်။ အီလက်ထရွန်နစ် နည်း​ပညာသုံး​ ခရမ်း​ရောင် ယာယီနိုင်ငံကူး​လက်မှတ် အစီအစဉ်ကို ထိုင်း​နဲ့​ မြန်မာအစိုး​ရတို့​ ပူး​တွဲစီစဉ်​ဆောင်ရွက်​နေတာ ဖြစ်​ပေမယ့်​ ​အောက်​ခြေက ထိုင်း​တာဝန်ရှိသူ​တွေက အရင်ဥပ​ဒေ အရ အလုပ်သမား​တွေ အ​နေနဲ့​ နယ်​ကျော်လုပ်ကိုင် သွား​လာခွင့်​ မရှိတာကို ​ပြောပြီး​ ဖမ်း​ဆီး​နေတာ ဖြစ်ပါတယ်။ အဲ့​ဒီ့​ထဲက အလုပ်သမား​ ၂ ​ယောက်ကို နယ်​ကျော်လို့​ဆိုပြီး​ ဘတ်​ငွေ ၂​သောင်း​ ​တောင်း​ခံခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ကုမ္ပဏီ ပွဲစား​က​တော့​ ဘတ်​ငွေတ​သောင်း​ပဲ ​ပေး​လိုက်ရတယ်လို့​ပြောပါတယ်။ ​ငွေ​ပေး​လိုက်ရတဲ့​ အလုပ်သမား​ ၂ ​ယောက်ဟာ အရင် ဘန်​ကောက်မှာ ​နေထိုင်ခွင့်​(ဘတ်)လုပ်ထား​ပြီး​ မဟာချိုင်ကို ​ပြောင်း​လာတဲ့​ အလုပ်သမား​တွေ ဖြစ်ပါတယ်။ သူတို့​အဖမ်း​ခံ​နေရတုန်း​ ကား​ပေါ်အတူပါလာတဲ့​ မြန်မာတဦး​က မြန်မာသံရုံး​ကို အကူအညီ​တောင်း​ဖို့​ ဖုန်း​အကြိမ်ကြိမ် ဆက်သွယ်​ပေမယ့်​ ဖုန်း​မကိုင်ဘူး​လို့​ပြောပါတယ်။ ထိုင်း​နဲ့​ မြန်မာအစိုး​ရတို့​က ပြီး​ခဲ့​တဲ့​ နှစ်ကုန်ပိုင်း​က နိုင်ငံအတွင်း​မှာ ယာယီပတ်စပို့​ ထုတ်​ပေး​ဖို့​အတွက် ဘန်​ကောက်၊​ မဟာချိုင်၊​ စမုပါရာကန်၊​ ထိုင်း​နိုင်ငံ ​တောင်ပိုင်း​ စူရဌာနီနဲ့​ ထိုင်း​နိုင်ငံ ​မြောက်ပိုင်း​ ချင်း​မိုင်မြို့​တို့​ ၅ ​နေရာတို့​မှာ သတ်မှတ်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up