DVB Logo
Home
မြန်မာသတင်း
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စက်ရုံ ဖျက်သိမ်း
DVB
·
January 9, 2012
Donate to DVB

ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာ ပါဝင်တဲ့​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စီမံကိန်း​ကို အစိုး​ရက ဖျက်သိမ်း​လိုက်ပါပြီ။

[caption id="attachment_17737" align="alignright" width="300" caption="ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ"][/caption]

မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ဒီစီမံကိန်း​ကို ဖျက်သိမ်း​လိုက်တဲ့​အ​ကြောင်း​ တနင်္လာ​နေ့​ မနက်ပိုင်း​၊​ ရန်ကုန်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမှတ် ၂ လျှပ်စစ်ဝန်ကြီး​ ဦး​ခင်​မောင်စိုး​က ​ပြောကြား​လိုက်တာပါ။

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာ ပါဝင်တဲ့​ ဒီ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက ထုတ်လုပ်မယ့်​ ကာဗွန်ပမာဏဟာ ထိုင်း​တနိုင်ငံလုံး​ ထုတ်လုပ်တဲ့​ ကာဗွန်ပမာဏရဲ့​ ထက်ဝက်ရှိလို့​ အနီး​အနား​နေ ​ဒေသခံ​တွေ ကျန်း​မာ​ရေး​နဲ့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​နိုင်တဲ့​အ​ကြောင်း​ မီဒီယာ​တွေက ဝိုင်း​ဝန်း​ထောက်ပြ ​ရေး​သား​ခဲ့​ကြပါတယ်။

ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ ၄ ရက်​နေ့​ကလည်း​ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​ရေး​အဖွဲ့​က အဲ့​ဒီ ​ကျောက်မီး​သွေး​စက်ရုံ တည်​ဆောက်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေအ​ကြောင်း​ ​ဒေသခံ​တွေကို အသိ​ပေး​ကန့်​ကွက်တဲ့​ လှုပ်ရှား​မှု ​မောင်း​မကန် ကမ်း​ခြေမှာ ပြုလုပ်ခဲ့​ပါ​သေး​တယ်။

မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ စက်ရုံမ​ဆောက်​တော့​တဲ့​အ​ပေါ် ထား​ဝယ်​ဒေသဖွံ့​ဖြိုး​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က သူတို့​ကြား​တဲ့​သတင်း​နဲ့​ အခုလို သုံး​သပ်​ပြောပါတယ်။

“​ကျောက်မီး​သွေး​စက်ရုံ​တော့​ လုပ်​တော့​ လုပ်မယ်​ပေါ့​နော် ၄၀၀။ ၄၀၀ ကို​တောင် သူတို့​က စဉ်း​စား​နေတုန်း​ပဲတဲ့​။ အဲဒါ လက်ခံရမလား​ လက်မခံရဘူး​လား​ ဆိုတာကို။ အခု ၄၀၀၀ နဲ့​ စာရင်​တော့​ ၄၀၀ က​တော့​ ဆယ်ဆ သက်သာ သွား​တာ​ပေါ့​နော်။ ဒါ​ပေမယ့်​ အခု အဲဒါကို ကျ​နော်တို့​က ဆက်ပြီး​ ​ဆွေး​နွေး​ဦး​မှာ ဒီအဖွဲ့​ဝင်​တွေက ဆက်ပြီး​တော့​ အဲ့​ဒီအ​ပေါ်မှာ ဘယ်လို သ​ဘောထား​သလဲဆိုတာ။ အခုမှ အဲဒါဟာ ကြား​ခါစပဲ ရှိ​သေး​တယ်။ အခု ကျ​နော် ကြား​သ​လောက်က အဲဒီ ၄၀၀ မဂ္ဂါဝပ်မှာ ထား​ဝယ် ၄ မြို့​နယ်ကိုလည်း​ သူက မီး​ပေး​မယ်လို့​ ​ပြောထား​တယ်။ ဆယ်ဆ သက်သာတာဆို​တော့​ အများ​ကြီး​ ဆယ်ပုံတပုံ​တော့​ ရင်ထဲက ခံစား​ချက်​တွေ ​ပေါ့​သွား​တာ​ပေါ့​ဗျာ။”

ပြီး​ခဲ့​တဲ့​စ​နေ၊​ တနင်္ဂ​နွေ​နေ့​တုန်း​က ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ကို လာ​ရောက် ​လေ့​လာခဲ့​တဲ့​ ထိုင်း​အစိုး​ရ ဝန်ကြီး​တွေပါ အဖွဲ့​ထံ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​ရေး​အဖွဲ့​က ​ဒေသခံ​တွေရဲ့​ ရင်ဖွင့်​စာကို ​ပေး​အပ်ခဲ့​ပါ​သေး​တယ်။ ဒီစာထဲမှာ ဒီဆိပ်ကမ်း​ စီမံကိန်း​ကြောင့်​ ​ဒေသခံ​တွေရဲ့​ စိုး​ရိမ်ပူပန်မှုနဲ့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ ဆုံး​ရှုံး​နိုင်တာ​တွေကို ​ဖော်ပြခဲ့​ပါတယ်။

ဒီ​နေ့​ထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာထဲမှာ​တော့​ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​နဲ့​ ပတ်သက်ပြီး​၊​ ​ဒေသခံ​တွေက ထိုင်း​အစိုး​ရထံ အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့​ ​တောင်း​ဆိုခဲ့​ကြတယ်လို့​ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013