A d v e r t i s e m e n t With Us

အ​မေရိကန်ကိုယ်စား​လှယ်များ​ ​နေပြည်​တော်​ရောက်ရှိ

derek-mitchell
အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ရဲ့​ မြန်မာပြည် ခရီး​စဉ်အပြီး​မှာ ​နောက်ဆက်တွဲ တိုး​တက်မှု​တွေကို လာ​ရောက်​လေ့​လာတဲ့​ အ​နေနဲ့​ မြန်မာနိုင်ငံဆိုင်ရာ အ​မေရိကန် မူဝါဒ ညှိနှိုင်း​ရေး​မှူး​ ဒဲရက်မစ်ချဲလ်နဲ့​ လူကုန်ကူး​မှု တိုက်ဖျက်​ရေး​ သံအမတ် လူး​ဝစ်စီဒဲလ် ဘာကာဟာ ​နေပြည်​တော်မှာ ​ရောက်ရှိ​နေပါတယ်။ [caption id="attachment_19761" align="alignright" width="300" caption="ဒဲရက်မစ်ချဲလ်l"][/caption] အ​မေရိကန် ညှိနှိုင်း​ရေး​မှူး​ ဒဲရက်မစ်ချဲလ်ဟာ ဒီက​နေ့​မနက် ရန်ကုန်ကို ​ရောက်ရှိလာပြီး​ ​နေပြည်​တော်ကို ဆက်လက် သွား​ရောက်​နေတယ်လို့​ ရန်ကုန် အ​ခြေစိုက် အ​မေရိကန်သံရုံး​ ​ပြောခွင့်​ရသူ Michael Quinlan က ​ပြောပါတယ်။ အစိုး​ရဘက်က ဘယ်သူ​တွေနဲ့​ ​တွေ့​ဆုံသလဲဆိုတာကို​တော့​ ခုချိန်ထိ မသိရ​သေး​ဘူး​လို့​ ဆိုပါတယ်။ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန် ခရီး​စဉ်ရဲ့​ ​နောက်ဆက်တွဲအဖြစ် တိုး​တက်မှု​တွေကို လာ​ရောက်တာ ဖြစ်တယ်လို့​လည်း​ ခရီး​စဉ်နဲ့​ ပတ်သက်တဲ့​ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ မစ်ချဲလ်ရဲ့​ ၄ ကြိမ်​မြောက် ဒီခရီး​စဉ်ဟာ ၄ ရက်ကြာမြင့်​မှာ ဖြစ်ပြီး​ ရန်ကုန်၊​ ​နေပြည်​တော်မှာအစိုး​ရ အရာရှိ​တွေနဲ့​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။ သူက ပုဂံကိုလည်း​ သွား​ပြီး​တော့​ တခြား​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​နဲ့​ အ​သေး​စား​ ​ငွေ​ချေး​ လုပ်ငန်း​တွေကိုလည်း​ ​လေ့​လာမှာ ဖြစ်တယ်လို့​ ဆိုပါတယ်။ မစ်ချဲလ်ဟာ ထိုင်း​နိုင်ငံ ​မြောက်ပိုင်း​ကိုလည်း​ သွား​ရောက်ပြီး​ နယ်စပ်က ဒုက္ခသည်အ​ရေး​ ​ဆွေး​နွေး​မှာ ဖြစ်သလို အကူအညီ​ပေး​နေတဲ့​ အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံမယ်လို့​ ထုတ်ပြန်ချက်က ​ပြောပါတယ်။ မစ်ချဲလ်နဲ့​အတူ လူကုန်ကူး​မှုတိုက်ဖျက်​ရေး​ သံအမတ် လူး​ဝစ်စီဒဲလ်ကလည်း​ ​ရောက်ရှိလာပါတယ်။ သူတို့​ရဲ့​ တချို့​သော အစည်း​အ​ဝေး​တွေက အတူဖြစ်မှာ ဖြစ်သလို တချို့​ အစည်း​အ​ဝေး​တွေက​တော့​ သီး​သန့်​ ဖြစ်ပါလိမ့်​မယ်။ အစိုး​ရရဲ့​ လူကုန်း​ကူး​မှုတိုက်ဖျက်​ရေး​ ကိစ္စရပ်များ​ကို လုပ်​ဆောင်ရာမှာ ကူညီဖို့​နဲ့​ လူကုန်ကူး​မှု အ​ခြေအ​နေများ​ကို ​လေ့​လာဖို့​အတွက် ​ရောက်ရှိလာတာ ဖြစ်ပါတယ်။ အလုပ်သမား​ အခွင့်​အ​ရေး​ ပိုမို​ကောင်း​မွန်​ရေး​နဲ့​ လိင်ပိုင်း​ဆိုင်ရာ ကုန်ကူး​တာ​တွေကို လုပ်​ဆောင်တာ​တွေကို ဒဲရက်မစ်ချဲလ်နဲ့​ အတူ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ​ဆွေး​နွေး​မယ်လို့​လည်း​ ခရီး​စဉ်နဲ့​ ပတ်သက်တဲ့​ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ရန်ကုန်မှာ​တော့​ အစိုး​ရမဟုတ်​သော လူမှု​ရေး​အဖွဲ့​အစည်း​၊​ နိုင်ငံတကာ အဖွဲ့​အစည်း​တွေအပါအဝင် အမျိုး​သား​ လူ့​အခွင့်​အ​ရေး​ ​ကောင်စီနဲ့​လည်း​ ​တွေ့​ဆုံသွား​မယ်လို့​လည်း​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ အင်တာနက် စာမျက်နှာမှာ ​ရေး​သား​ထား​ပါတယ်။ မနက်ဖြန်မှာ​တော့​ နိုင်ငံတကာ ​ငွေ​ကြေး​ရံပုံ​ငွေအဖွဲ့​က ကိုယ်စား​လှယ်​တွေကလည်း​ မြန်မာနိုင်ငံကို လာ​ရောက်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၂ ရက်​နေ့​မှာ​တော့​ မြန်မာနိုင်ငံကို ပိတ်ဆို့​အ​ရေး​ယူမှု​တွေ လုပ်​ဆောင်ဖို့​ ဖိအား​ပေး​ခဲ့​တဲ့​ အ​မေရိကန် လွှတ်​တော်အမတ် ဂျိုလ်း​ ခ​ရော်​လေး​ဟာ အစိုး​ရအရာရှိများ​၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်များ​၊​ မြန်မာဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်တို့​နဲ့​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up