DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်က ဘုရား​ပွဲမှာ ဗုံး​ကွဲ လူ​သေဆုံး​မှုရှိ
DVB
·
January 9, 2012
Donate to DVB

ကရင်ပြည်နယ် ကြာအင်း​ဆိပ်ကြီး​မြို့​နယ် အနန်း​ကွင်း​ကျေး​ရွာ ဘုရား​ပွဲမှာ ဗုံး​ကွဲလို့​ လူ ၄ ဦး​ ​သေဆုံး​ပြီး​ ၃၀ ​ကျော် ဒဏ်ရာရပါတယ်။

ဇန်နဝါရီ ၇ ရက် ညသန်း​ခေါင်မှာ ​ပေါက်ကွဲခဲ့​တာလို့​ ဘုရား​ပွဲကို ​ရောက်ခဲ့​တဲ့​ အနန်း​ကွင်း​ရွာသူတဦး​က “၇ ရက်​နေ့​က ဘုရား​ပွဲစတယ်။ ဘုရား​ပွဲစတဲ့​ညမှာပဲ ညသန်း​ခေါင်​လောက်မှာ ဗုံး​ပေါက်မှု ဖြစ်တာ။ ​နေ​နေရင်း​နဲ့​ ဒီလိုအသံ ​ဝေါခနဲဆိုပြီး​ အသံအကျယ်ကြီး​ ​ပေါက်ကွဲသွား​တာ။ ကျမတို့​ အဲဒီနား​မှာပဲ ကျမကို မထိလို့​ အရမ်း​ ကံ​ကောင်း​သွား​တယ်။ လူက​တော့​ ၃ ဦး​ ပွဲချင်း​ပြီး​ ​သေတယ်။ ​နောက်တဦး​က ​ဆေး​ရုံမှာ ဆုံး​သွား​ပါတယ်။ ​ဆေး​ရုံမှာ ​သေဆုံး​သွား​တဲ့​သူက အသက် ၁၂ အရွယ်က​လေး​ ဖြစ်ပါတယ်။ ဒဏ်ရာရသူက​တော့​ ၃၀ ​ကျော်တယ်။ ၃၀ ဘယ်​လောက်လဲ​တော့​ အတိအကျ မသိဘူး​။ ဒဏ်ရာရ လူနာ​တွေကို​တော့​ အဲဒီညတွင်း​ချင်း​ပဲ ​မော်လမြိုင်​ဆေး​ရုံကို ပို့​ပါတယ်။”

မော်လမြိုင်​ဆေး​ရုံကို ​မေး​မြန်း​ရာ တာဝန်ကျဆရာမက “​ယောကျာ်း​လေး​ ၃ ​ယောက်၊​ မိန်း​ခ​လေး​ ၄ ​ယောက်ပါ။ လူနာ​တွေက​တော့​ ပြင်ပလူနာဌာန​ပေါ့​။ လူနာကို အရေးကြီးရင် ကြီးသလို အ​ဆောင်​တွေ ခွဲ​ပေး​ပြီး​ တင်လိုက်ရတယ်။ အရိုး​ဆောင်ရယ်၊​ က​လေး​ခွဲစိတ်​ဆောင်၊​ အမျိုး​သမီး​ ခွဲစိတ်​ဆောင်တို့​ အဲလို ပြန်တင်​ပေး​လိုက်ရတယ်။”

ဆေး​ရုံကို ၇ ဦး​ ​ရောက်သွား​ပြီး​ ကျန် ဒဏ်ရာရသူတချို့​က ရွာ​ဆေး​ခန်း​မှာပဲ ​ဆေး​ကုသမှု ခံယူတယ်လို့​ ​ကေအန်ယူ တပ်မဟာ ၆ က တာဝန်ရှိသူ ​စောထဲ​နေက ဒီဗွီဘီကို ​ပြောပါတယ်။

ဒီဗုံး​ကွဲမှုမှာ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့​ ​ဖောက်ခွဲတယ်ဆိုတာ မသိရ​သေး​ပါဘူး​။ ဒဏ်ရာသူ​တွေ အများ​စုဟာ အနန်း​ကွင်း​ရွာနား​က ရွာသား​တွေ ဖြစ်တယ်လို့​ ​ဒေသခံ​တွေက ​ပြောဆိုပြီး​ ဒီတရား​ခံမ​ပေါ်တဲ့​ ​ပေါက်ကွဲမှု​ကြောင့်​ စိုး​ရိမ် ထိတ်လန့်​နေကြပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သာက​ပေါ က​တော့​ ​ကေအန်ယူက ဒီ​ပေါက်ကွဲမှုနဲ့​ မပတ်သက်ဘူး​လို့​ ​ပြောပါတယ်၊

“ကျ​နော်တို့​ အ​နေနဲ့​တော့​ စိတ်မ​ကောင်း​ဘူး​။ အခုလို ကြား​သိရတာ။ ဒါ​ကေအန်ယူ အလုပ်​တော့​မဟုတ်ဘူး​။ ကျ​နော်တို့​ကလည်း​ ငြိမ်း​ချမ်း​ရေး​၊​ အတွက်ကို ကြိုး​စား​နေတာ​ပေါ့​။ အခုက အပစ်အခတ် ရပ်စဲ​ရေး​ပေါ့​။ အဲဒီအတွက် ကြိုး​စား​နေတယ်။ ဒါက ကျ​နော်တို့​လုပ်တာ မဟုတ်ဘူး​။ ဒါကို ဖျက်ချင်တဲ့​အုပ်စု​တော့​ ရှိမယ်လို့​ ထင်တယ်​လေ။ အဲလိုဗုံး​ပေါက်ကွဲမှု​တွေ ဘာ​တွေလုပ်တာ။ ​ကေအန်ယူက​တော့​ မဟုတ်တာ ​သေချာပါတယ်။”

ကရင်အမျိုး​သား​ အစည်း​အရုံး​ဟာ လာမယ့်​ ၁၂ ရက်​နေ့​ ကျရင် အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ဘား​အံမြို့​မှာ အပစ်ခတ်ရပ်စဲ​ရေး​ သွား​ရောက် ​ဆွေး​နွေး​ဖို့​ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013