လူမှုကွန်ရက်ပေါ် နာမည်ကျော် ရေပန်းစားနေသည့် မြေးနှစ်ဦး၏ အဘွား

ဖက်ရှင် ဘလော့ဂ်ဂါ တဦးဖြစ်တဲ့ ဇာကလီနာ အသက် ၄၇ နှစ်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကျော်လာပြီး ကမ္ဘာတဝှမ်းက လူတွေကို အံ့အားသင့်သွားစေတယ်လို့ မေရာရဲ့ မတ်လ ၂၄ ရက်နေ့သတင်းမှာ ဖေါ်ပြထားပါတယ်။ ကလေးတွေရဲ့ မိခင် မြေး ၂ ယောက်တို့ရဲ့ အဘွားဖြစ်တဲ့ ဒီအမျိုးသမီးက ကမာ့္ဘမှာ စွဲမက်ဖွယ်အကောင်းဆုံး အဘွားတဦးလားလို့ မေးမြန်းပြီး ညွှန်းဆိုထားပါသေးတယ်။ ဆာဘီးယားနိုင်ငံမှာ နေခဲ့တဲ့ မြေး ၂ ဦးတို့ရဲ့ အဖွား ဇာကလီနာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “realfashionist” ဆိုတဲ့အမည်နဲ့ သုံးစွဲပြီး သူမရဲ့ကိုယ်ပိုင်စာမျက်နှာပေါ်မှာ နောက်ဆုံးပေါ် အဝတ်တွေ ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံတွေကို ပုံမှန်တင်ခဲ့တာပါ၊ ဒီလိုတင်ခဲ့တာက သူမကို ထောက်ခံသူတွေ များပြားလာတယ်လို့ ဆိုပါတယ်။ သူမရဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကျက်သရေရှိ ကြော့မော့တဲ့ အမူအယာကို သူမထက် ဆယ်စုနှစ်ငယ်တဲ့ မော်ဒယ်လ်တွေကတောင် အားကျကြတယ်လို့လည်း သိရပါတယ်။ သူမက အမှန်တကယ်ပြင်းပြ စိတ်အားထက်သန်တဲ့ ဖက်ရှင်ဘလော့ဂ်ဂါ တစ်ဦးဖြစ်ပြီး ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ ပိုလန် အစရှိတဲ့ နိုင်ငံတွေက ဖက်ရှင်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက် အကြံကောင်း ဉာဏ်ကောင်းတွေကို လက်ခံကျင့်သုံးတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သူမက ဖက်ရှင်တို့ရဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီမြို့မှာ နေထိုင်တယ်လို့ သိရပါတယ်။ သူမလူမှုကွန်ရက်မှာ တင်တဲ့ ပုံမှန်သမျှကို သူမကို ထောက်ခံသူ ၁၅၇,၀၀ ပျော်ရွှင်အောင် grandmotherthatlovesfashion ဆိုတဲ့ အကောင့်မှာ တွဲတင်တယ်လို့လည်း ဆိုပါတယ်။ သူမရဲ့ နာရီတွေ မျက်မှန်တွေကနေ တွဲဖက်ဝတ်ဆင်ရတဲ့ လက်ဝတ်တန်ဆာတွေ မှန်သမျှကို ပြသပြီး အဝတ်အစားမျိုးစုံနဲ့ သရုပ်ဆောင် ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။ “ကျမရဲ့ အဓိက ရည်ရွယ်ချက်က အမျိုးသမီးတွေအနေနဲ့ သူတို့တွေရဲ့ အထိန်းအကွပ်မဲ့ အပြုအပြင်မဲ့ နေရာကနေ နိုးထလာအောင် ပြုပြင်ချင်လာအောင် နှိုးဆော်ချင်တာပါ” လို့ သူမကပြောပါတယ်။ ဘလော့ဂ်ရေးရတာအပြင် ဒီကလေးတို့ရဲ့အဖွား နှစ်သက်တာတွေထဲက တစ်ခုက သူမရဲ့ အမည်မဖော်ပြထားတဲ့ အသက် ၂၈ နှစ်အရွယ် သမီးနဲ့အတူ “အပြင်ထွက်ရတာ” လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up