နေပြည်တော်ကျောက်မျက်ရောင်းပွဲ ကျပ်သန်း ၆ သောင်းကျော်ဖိုး အရောင်းအဝယ်ဖြစ် (ရုပ်သံ)
DVB
·
March 25, 2017
နေပြည်တော်မှာ ပြုလုပ်တဲ့ ကျောက်မျက်ရိုင်းနဲ့ ကျောက်စိမ်းအသားကျောက် ရောင်းချပွဲမှာ ကျပ်သန်းပေါင်း ၆ သောင်းကျော်ဖို့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
မတ်လ ၁၉ ရက်ကနေ့ ၂၄ ရက်အထိ ကျင်းပတဲ့ ကျောက်မျက်ရိုင်းနဲ့ ကျောက်စိမ်းအသားေ ကျာက်တွေကို မြန်မာကျပ်ငွေနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
ဒီလိုရောင်းချတဲ့အခါမှာ ဈေးကွက်ဝယ်လိုအား မြင့်မားနေချိန်ဖြစ်လို့ ခန့်မှန်းထားတာထက် ပိုပြီး ရောင်းချခဲ့ရတယ်လို့ ကျောက်မျက်ရိုင်းနဲ့ ကျောက်စိမ်းအသားကျောက် ရောင်းချပွဲရဲ့ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသန်းဇော်ဦးကပြောပါတယ်။
“ဈေးကွက်ကလိုအပ်ချက်ရှိနေတဲ့အခါ ကျနော်တို့ ရောင်းချပေးတဲ့ပုံစံနဲ့ဆိုတော့ ရောင်းလည်းရောင်းရပါတယ်။ ဈေးလည်းရပါတယ်။ အဲဒီတော့ စုစုပေါင်းအနေနဲ့ ပြောရရင်တော့ ကျနော်တို့က ကျောက်စိမ်း၊ ကျောက်မျက်အတွဲပေါင်း ၄၂၆၇ တွဲရောင်းရတယ်။ စုစုပေါင်းတန်ဖိုးအနေနဲ့ကတော့ ကျနော်တို့ ကျပ်သန်းပေါင်း ၆၁၉၁၅ ဒသမ ၂၀သန်းဖြစ်တယ်။”
ရောင်းချခဲ့တဲ့ပစ္စည်းတွေရဲ့ တန်ဖိုးငွေပေးချေဖို့ကိုတော့ ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားလို့ ဒီကာလကျော်လွန်မှသာ နိုင်ငံတော်က အခွန်အကောက်တွေရရှိမှာဖြစ်ပါတယ်။