A d v e r t i s e m e n t With Us

သိမ်း​ယူခံရသည့်​ လယ်​မြေများ​ ပြန်​ပေး​ရန် ​တောင်း​ဆို

ကရင်ပြည်နယ် ဘား​အံမြို့​နယ် စံဖီး​ကျေး​ရွာက ဖျက်ဆီး​သိမ်း​ယူခံရတဲ့​ လယ်​မြေ​တွေ ပြန်ရ​ရေး​အတွက် လယ်သမား​တွေက နိုင်ငံ​တော်သမ္မတဆီ စာ​ရေး​ ​တောင်း​ဆိုလိုက်ပါတယ်။ ဘား​အံမြို့​နဲ့​ ၉ မိုင်​လောက်​ဝေး​တဲ့​ စံဖီး​ရွာမှာ ရွာသား​တွေပိုင်တဲ့​ လယ်​မြေထဲကို ​ရွှေသံလွင်ကုမ္ပဏီက အသိမ​ပေး​ဘဲ ပြီး​ခဲ့​တဲ့​လက လယ်​တွေကို ဝင်​ရောက် ဖျက်ဆီး​ခဲ့​တာလို့​ လယ်သမား​ ဦး​မောင်ဝင်း​က ​ပြောပါတယ်။ “ရွာချင်း​ သူတို့​ပြောင်း​မယ်ဆိုတာလည်း​ ကျ​နော်လည်း​ ​ပြောမတတ်ဘူး​။ ဘာလို့​လဲဆို​တော့​ ကျ​နော့်​နေရာကို ဒါလုပ်မယ်ဆိုတာ ​ပြောပြီး​လုပ်တာမဟုတ်လို့​ မသိရဘူး​။ ကျ​နော့်​ အိမ်​ဘေး​နား​မှာ ဘာလုပ်မယ်ဆိုတာ​တောင် မသိဘူး​။ လမ်း​တွေ​ဖောက်မယ်။ လယ်​တွေ ဟိုတကွက် ဒီတကွက် ကျန်တာ​တွေကို ဘိုဒူဇာနဲ့​ ထိုး​ပြီး​ လမ်း​တွေ​ဖောက်​နေတယ်။ ကျ​နော်တို့​လည်း​ သူတို့​လုပ်​နေတာကို ထိုင်ကြည့်​နေရတယ်။ ဘာမှလုပ်စား​လို့​မရဘူး​။ က​လေး​တွေကလည်း​ ငယ်တာနဲ့​ ၈ တန်း​ကျောင်း​သူ သမီး​လေး​ကို ​ကျောင်း​ထုတ်လိုက်ရတယ်။” စံဖီး​ရွာ လယ်​မြေ​နေရာကို စက်မှုဇုန်တည်​ဆောက်​ရေး​ စီမံကိန်း​တွေအတွက် လမ်း​ဖောက်ဖို့​ ရွာသား​တွေကို အသိမ​ပေး​ဘဲ လယ်​တွေကို ဖျက်ဆီး​ခဲ့​တာလို့​လယ်သမား​တွေက ​ပြောပါတယ်။ ဖျက်ဆီး​ခံရတဲ့​ လယ်ဧက ၂၀ ရှိပြီး​ ဒီလယ်​တွေအတွက် ​လျော်​ကြေး​ မ​ပေး​သလို အသိ​ပေး​တာလည်း​ မရှိဘူး​လို့​ လယ်သမား​တွေက ​ပြောပါတယ်။ လယ်​မြေ ပျက်စီး​ကုန်တဲ့​အတွက် လယ်သမား​တွေဟာ လုပ်ကိုင် စား​သောက်စရာ ​နေရာမရှိဘဲ အခက်အခဲ​တွေ့​နေတာ​ကြောင့်​ ဇန်နဝါရီ ၂ ရက်​နေ့​မှာ လယ်သမား​ ၁၈ ဦး​က သမ္မတဆီမှာ လယ်​မြေ​တွေ ပြန်ရ​ရေး​ အသနား​ခံစာတင် ​တောင်း​ဆိုခဲ့​တယ်လို့​ လယ်သမား​ ဦး​မောင်ဝင်း​က ​ပြောပါတယ်။ “သမ္မတကြီး​ဆီကို အသနား​ခံတာ​ပေါ့​။ ကျ​နော်တို့​ရွာသား​တွေကို မ​ပြောမဆိုဘဲနဲ့​ လုပ်ချင်သလိုလုပ်တဲ့​ကိစ္စကို သမ္မတဆီ အသနား​ခံစာတင်တာ​ပေါ့​။ ကျ​နော်တို့​ မရှိဆင်း​ရဲသား​ ​တောင်သူလယ်သမား​တွေက ကိုယ့်​လယ်နဲ့​ကိုယ် လုပ်ချင်တယ်။ ကိုယ့်​ဘိုး​ဘွား​ပိုင်တဲ့​မြေကိုပဲ လိုချင်တယ်။” ရွှေသံလွင်ကုမ္ပဏီဟာ ကရင်ပြည်နယ်က စက်မှုဇုန်တည်​ဆောက်​ရေး​ စီမံကိန်း​မှာ ကန်ထရိုက်ရထား​တဲ့​ ကုမ္ပဏီတခု ဖြစ်ပါတယ်။ စံဖီး​ရွာက လယ်​မြေ​တွေဟာ ၁၉၈၅ ခုနှစ်က စိုက်ပျိုး​မွေး​မြူ​ရေး​ပိုင် လယ်​မြေ​တွေဖြစ်ပြီး​ ​နောက်ပိုင်း​ မြန်မာ့​နှစ်ရှည် ရာဘာနဲ့​ သီဟိုဌာန၊​ ​နောက် စက်မှု ၂ ဌာနကို လွှဲ​ပြောင်း​ပေး​ထား​ခဲ့​တဲ့​ ​မြေ​တွေဖြစ်တယ်လို့​ ဘား​အံမြို့​ခံတဦး​က ​ပြောပါတယ်။ စက်မှု ၂ က လွှဲ​ပြောင်း​ယူပြီး​နောက် မှာ ၂၀၀၃ခုကစပြီး​ ရွာသား​တွေကို လယ်လုပ်ကိုင်ခွင့်​ ​ပေး​တဲ့​အတွက် ရွာသား​တွေက လုပ်ကိုင် စား​သောက်လာခဲ့​ရာက​နေ အခုလို သူတို့​ လယ်​မြေ​တွေကို ဖျက်ဆီး​ သိမ်း​ယူခံရတာပါ။

A d v e r t i s e m e n t With Us

More News
Up