သင်္ကြန်လုံခြုံရေး စိတ်ပူစရာမလိုဟု ဦးဖြိုးမင်းသိန်းပြော (ရုပ်သံ)
DVB
·
March 24, 2017

၂၀၁၇ မဟာသင်္ကြန်ပွဲတော်အတွင်း ပြည်သူတွေ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲက တာဝန်ယူသွားမှာကြောင့် လုံခြုံရေးကို စိတ်ပူစရာမလိုဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောပါတယ်။
ဒီနေ့မနက် ရန်ကုန်တိုင်း ဒေသသကြီး မင်္ဂလာခန်းမမှာ သင်္ကြန်မဏ္ဍပ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပြီး သင်္ကြန်ကာလမှာ စည်းမျဉ်းစည်းကမ်းဥပဒေကို ပိုတင်းကျပ်ပြီး လုံခြုံရေးလည်း တိတိကျကျဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။
အခုနှစ်သင်္ကြန်ပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဏပ်ပေါင်း ၂၁ ခု ခွင့်ပြုပေးဖို့ လျာထားပြီး လက်ရှိအချိန်ထိလာရောက်လျှောက်ထားတဲ့ မဏ္ဍပ် ၇ ခုရှိနေပြီဖြစ်ပါတယ်။
ရေကစားမဏ္ဍပ်တွေအနေနဲ့ တိုင်းအစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ထားမှုပုံစံ၊ ယာဉ်လမ်းကြောမပိတ်ဆို့အောင် စီစဉ်ထားဖို့နဲ့ တရားမ၀င် အရက်ေသစာ၊ မူးယစ်ဆေးဝါးသုံစွဲမူတွေကို တားမြစ်ချက်တွေ အပြင် စုစုပေါင်း သတ်မှတ်ချက် ၄၅ ချက်နဲ့ အညီဆောင်ရွက်သွားရမှာဖြစ်ပါတယ်။