Home
မြန်မာသတင်း
မုံရွာ မီးပွိုင့်အချို့တွင် စီစီတီဗွီကင်မရာများ တပ်ဆင်မည်
DVB
·
March 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က မီးပွိုင့်အချို့မှာ  ဘဏ္ဍာငွေအပေါ်မူတည်ပြီး စီစီတီဗွီကင်မရာတွေ တပ်ဆင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီးက တိုင်းလွှတ်တော်မှာ မနေ့က ပြောဆိုလိုက်ပါတယ်။ မုံရွာမြို့ရှိ မီးပွိုင့်အချို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအားနည်းပြီး ယာဉ်မတော်တဆမှု တွေ ခဏခဏဖြစ်ပွားတာကြောင့် အသွားအလာများတဲ့ မီးပွိုင့်တွေမှာ စီစီတီဗွီကင်မရာတွေ တပ်ဆင်ပေးနိုင်ခြင်းရှိ/ မရှိနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါ်အမာကြည်က မတ်လ ၂၂ ရက်နေ့ကကျင်းပတဲ့ တိုင်းဒေသကြီး ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ မုံရွာမြို့က မြို့ကြီးတမြို့ဖြစ်ပြီး လူနေထူထပ်ကာ အိန္ဒိယကုန်သွယ်ရေးအချက်အခြာကျတဲ့ မြို့ဖြစ်တဲ့အပြင် အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်တာကြောင့် မြို့အင်္ဂါရပ်နဲ့ ညီညွတ်အောင် ယာဉ်မတော်တဆမှု တွေ လျော့နည်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်နေပါတယ်။ မုံရွာမြို့မှာ မီးပွိုင့် ၅ ခုရှိပြီး ကျောက္ကာလမ်းမီးပွိုင့်က မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ အပြင် ရထားလမ်းနဲ့လည်း နီးကပ်နေတာကြောင့် ယာဉ်မတော်တဆမှု လျော့ကျရေးအတွက် စီစီတီဗွီ ကင်မရာတပ်ဆင်ဖို့လည်း လိုအပ်နေတာပါ။ မေးခွန်းနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး လျာထားဆောင်ရွက် ပေးသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြန်လည်ဖြေကြားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024