မုံရွာမြို့က အကြီးကျယ်ဆုံး အလုံဘိုးတော်ကြီးပွဲ
DVB
·
March 24, 2017
ရှေးအစဉ်အဆက် နှစ်ပေါင်းမြောက်မြားစွာကတည်းက နှစ်စဉ် တပေါင်းလပြည့်ကျော် ၅ ရက်နေ့မှ ၁၅ ရက်နေ့တိုင်တိုင် စည်ကားစွာကျင်းပခဲ့တဲ့ အလုံဘိုးတော်ကြီးပွဲကို မုံရွာမြို့ အလုံဘိုးတော်ကြီး နတ်နန်းမှာ စည်ကားစွာကျင်းပနေပါတယ်။
ဒီပွဲက နတ်ပွဲတခုသာမဟုတ်ဘဲ ဒေသခံတွေရဲ့ ကုန်စည်ဖလှယ်ရာ ပွဲတစ်ခုလည်းဖြစ်ပါတယ်။ တောင်သူအသုံးအဆောင်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်အထည် အိုးခွက်ပန်းကန်မျိုးစုံ၊ ဒေသထွက်မုန့်ပဲသရေစာမျိုးစုံ၊ အသုံးအဆောင်မျိုးစုံကိုလည်း ဈေးလမ်းတလျှောက်မှာ ဝယ်ယူနိုင်ပါ တယ်။
အနယ်နယ်အရပ်ရပ်ကို ရောက်ရှိနေကြတဲ့ အလုံသူ၊ အလုံသားတို့ရဲ့ ပြန်လည်ဆုံတွေ့ကြတဲ့ပွဲ ဆိုလည်း မှားမည်မထင်ပါ။
ကျွဲလှည်းဝင်ရာ တပေါင်းလပြည့်ကျော် ၉ ရက်နေ့က အစည်ကားဆုံးဖြစ်သည်။ နတ်ပွဲ နောက်ဆုံး နေ့မှာတော့ ဘုရားမှာ ဆွမ်းလောင်းပြီး နတ်ပွဲကို ပြီးဆုံးစေပါတယ်။