ကိုးကန့်-တရုတ်နယ်စပ်တွင် မြန်မာ-တရုတ် ငွေလဲလှယ်မှုများကို ထပ်မံရပ်ဆိုင်း
DVB
·
March 24, 2017
ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့(MNDAA)ရဲ့ ဘဏ်စာရင်းအပါအဝင် ကိုးကန့်နဲ့ တရုတ်နယ်စပ်မှာ မြန်မာ-တရုတ် ငွေလဲလှယ်မှုတွေကို ထပ်မံရပ်ဆိုင်းလိုက်ပါတယ်။
ကိုးကန့်ဒေသ လောက်ကိုင်နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကိုးကန့်တပ်ဖွဲ့ ရဲ့ ငွေစာရင်းကို တရုတ်စိုက်ပျိုးရေးဘဏ်မှ ငွေစာရင်းပိတ်လိုက်ပြီးနောက် ကိုးကန့်-တရုတ်နယ်စပ်ရှိ တရုတ်ပြည်ဘက် နန်းဆန်းမြို့ထဲမှာ ရှိနေတဲ့ နုံရဲဟန်ဘဏ်ခွဲမှာလည်း မြန်မာ-တရုတ်ငွေ လဲလှယ်ခွင့် ပိတ်လိုက်ပြီလို့ မတ် ၂၃ ရက် နန်းဆန် ကွမ်ပေါကျွေသတင်းမှာ ဖော်ပြပါတယ်။
ကိုးကန့်ဒေသမှာ တရုတ်ငွေကို အသုံးများပြားပြီး ငွေကျေးလဲလှယ်တာတွေ အဆင်ပြေစေဖို့ အတွက် တရုတ်ပြည်ဘက်ရှိ ဘဏ်နဲ့ ကိုးကန့်ဒေသရှိ ဘဏ်တွေကို ချိတ်ထားပြီး အသုံးပြုလာခဲ့ ကြပါတယ်။
ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်းကြားရှင်ကို အမေရိကန်က မူးယစ်ဆေးဝါးခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
သတင်း - နိုင်နိုင်