DVB Logo
Home
မြန်မာသတင်း
ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ သမ္မတ ဦး​သိန်း​စိန်နှင့်​ ​တွေ့​ဆုံ
DVB
·
January 5, 2012
ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ သမ္မတ ဦး​သိန်း​စိန်နှင့်​ ​တွေ့​ဆုံ
Donate to DVB

ရာစုနှစ်တဝက်​ကျော်ကာလအတွင်း​ မြန်မာနိုင်ငံကို ပထမဆုံး​လာ​ရောက်တဲ့​ အဆင့်​မြင့်​သံတမန်တဦး​အဖြစ် ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ် ဒီက​နေ့​မြန်မာနိုင်ငံကို ​ရောက်ရှိလာပါတယ်။

[caption id="attachment_19707" align="alignright" width="300" caption=" ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဦးသိန်းစိန် ​တွေ့​ဆုံစဉ်"][/caption]

ဒီက​နေ့​ မနက် ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဝဏ္ဏ​မောင်လွင်၊​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ ဦး​ရွှေမန်း​တို့​နဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ အ​ကြောင်း​နဲ့​ ​ဆွေး​နွေး​ပွဲအ​ကြောင်း​အရာ အ​သေး​စိတ်ကို​တော့​ မသိရှိရ​သေး​ဘူး​လို့​ ရန်ကုန်အ​ခြေစိုက် ဗြိတိန် သံရုံး​က​ပြောပါတယ်။

“လက်ရှိ သူတို့​တွေ့​ဆုံ​နေတဲ့​ အချိန်ဖြစ်လို့​ တခြား​ အ​သေး​စိတ် မှတ်ချက်​တွေကို မ​ပေး​နိုင်​ပေမယ့်​ သူက သမ္မတ၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​နဲ့​ သူရ​ရွှေမန်း​တို့​နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်” လို့​ ​ပြောပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ​ရှေ့​လာမယ့်​ ၃ နှစ်အတွင်း​မှာ အ​မေရိကန် ​ဒေါ်လာ ၂၈၉ သန်း​နဲ့​ ညီမျှတဲ့​ စတာလင်​ပေါင် ၁၈၅ သန်း​ ​ပေး​သွား​မယ်လို့​ အရင်ကတည်း​က ​ကြေညာထား​ခဲ့​ပါတယ်။

ဝီလီယံဟိတ်ဟာ ည​နေပိုင်း​မှာ​တော့​ ရန်ကုန်ကို ပြန်လာပြီး​တော့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ညစာ စား​မှာဖြစ်သလို ​သောကြာ​နေ့​ မနက် ၁၀ နာရီ​လောက်မှာ ထပ်မံ​တွေ့​ဆုံ ​ဆွေး​နွေး​မယ်လို့​လည်း​ ​ပြောပါတယ်။

ဗြိတိန်ဝန်ကြီး​ဟာ သူ့​ရဲ့​ ၂ ရက်တာခရီး​စဉ်အတွင်း​ ရန်ကုန်မှာ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ ကိုဇာဂနာအပါအဝင် လူမှု​ရေး​အဖွဲ့​တွေနဲ့​ ၈၈ ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။

မနက်ဖြန် မြန်မာပြည်က မထွက်ခွာခင်မှာ​တော့​ ​တွေ့​ဆုံမှု​တွေအတွက် သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ပြီး​တော့​ ​ပြောသွား​ဖို့​ရှိတယ်လို့​ ဗြိတိန်သံရုံး​က ​ပြောပါတယ်။

ဒီခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ထုတ်ပြန်ထား​တဲ့​ ဝီလျံဟိတ်ရဲ့​ ​ကြေညာချက်မှာ​တော့​ လက်ရှိမြန်မာအစိုး​ရ ​ဆောင်ရွက်​နေတဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ ​ခြေလှမ်း​တွေကို အား​ပေး​တဲ့​နေနဲ့​ သွား​ရောက်တာလို့​ရေး​သား​ထား​ပါတယ်။

ဒါ့​အပြင် ကျန်ရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ဆက်လွှတ်​ပေး​ဖို့​၊​ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ ပဋိပက္ခဖြစ်ပွား​ရာ ​နေရာကို လူသား​ချင်း​စာနာမှု အကူအညီ​တွေ​ပေး​ခွင့်​ပေး​ဖို့​နဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ဆီ ယုံကြည်ရ​အောင်လုပ်​ဆောင်ဖို့​ ကိစ္စ​တွေ မြန်မာအစိုး​ရကို ​တောင်း​ဆိုမယ်လို့​ဆိုပါတယ်။

ဗြိတိန်နိုင်ငံဟာ အ​မေရိကန်နဲ့​ အတူ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု​တွေနဲ့​ အထီး​ကျန်ဖြစ်​အောင် သံတမန်​ရေး​ အဆက်အသွယ် သိပ်မလုပ်ဘဲ ထား​တဲ့​နိုင်ငံဖြစ်ပါတယ်။ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်က​တော့​ အ​မေရိကန် နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဟီလာရီကလင်တန်ဟာ မြန်မာနိုင်ငံကို နှစ်​ပေါင်း​ ၅ဝ​ကျော်အတွင်း​ ပထမဆုံး​သွား​ရောက်တဲ့​ အ​မေရိကန် အဆင့်​မြင့်​ သံတမန်တဦး​အဖြစ် ​ရောက်ရှိလာခဲ့​ပါတယ်။

၁၉၅၅ခုနှစ်က ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ အန်သိုနီအီဒန်ဟာ မြန်မာနိုင်ငံကို ​နောက်ဆုံး​ သွား​ရောက်ခဲ့​တဲ့​ ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013