ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 23, 2017
ရွှေသခွား
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ရွှေသခွားမွှေးသီးက ဒီနေ့မှာ ငွေကျပ် ၃၈၀၀၀ ကျော်ပြန်တက်ပါတယ်။ ဒီနေ့ပေါက်ဈေးကတော့ တစ်တန်ကို ငွေကျပ် ၅၇၉၀၀၀ ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ ပဲစင်းငုံက တစ်တန်ကို ငွေကျပ်တစ်သောင်း ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ၇၆၈၀၀၀ ကျပ် ဖြစ်ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ တစ်တန်ကို ငွေကျပ် ခုနှစ်ထောင်ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁၁၅၁၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီ ကတော့ တစ်ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်ပိဿာ ကို ၁၇၅၀ ကျပ် ဈေးရှိ နေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကတော့ ဒီနေ့ ပေါက်ဈေးက တစ်ပိဿာကို ငွေကျပ် ၃၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျသွား ပါတယ်။
ပဲပုတ်
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ် (ဗမာ) က တစ်အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကိုငွေကျပ် ၇၁၀၀၀ ပေါက်ဈေး ရှိနေပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ တစ်ပတ်လုံးဈေး ငြိမ်နေရာကနေ ဒီနေ့မှာ ငွေကျပ် ၁၀၀၀ ဈေး ကျဆင်းသွား ပါတယ်။ ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကို ငွေကျပ် ၇၃၀၀၀ ရှိပါတယ်။
မကျည်းတောင့်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် က တစ်ပိဿာကို ၇၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁၆၄၀ ရှိပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
သတင်း - AMIA