DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့်​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ရိုး​သား​မှုရှိရန် ဒီ​ကေဘီ​အေ တိုက်တွန်း
DVB
·
January 5, 2012
ကေအန်ယူနှင့်​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ရိုး​သား​မှုရှိရန် ဒီ​ကေဘီ​အေ တိုက်တွန်း
Donate to DVB

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) နဲ့​ မြန်မာအစိုး​ရ လုပ်​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စဟာ တဖက်နဲ့​ တဖက် ရိုး​သား​ပွင့်​လင်း​မှုအ​ပေါ် အ​ခြေခံပြီး​ သ​ဘောထား​မှန်ကန်ဖို့​လို​ကြောင်း​ ဒီ​ကေဘီ​အေက ဇန်နဝါရီ ၂ ရက်​နေ့​ ​နေ့​စွဲနဲ့​ ထုတ်ပြန် ​ပြောဆိုလိုက်ပါတယ်။

ကေအန်ယူက မြန်မာအစိုး​ရနဲ့​ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ကိစ္စကို ပြည်တွင်း​ပြည်ပ လူထုတရပ်လုံး​ရဲ့​အကြံဥာဏ်ကို ​တောင်း​ခံထား​တာ​ကြောင့်​ ဒီ​ကေဘီ​အေအ​နေနဲ့​ဝင်​ရောက်ပါဝင် အကြံ​ပေး​တာလို့​ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ပြင်ဆင်​နေကြချိန်မှာ ​ကေအန်ယူတပ်နဲ့​ အစိုး​ရတပ်​တွေ တိုက်ခိုက်မှု​တွေ ဆက်ဖြစ်​နေတဲ့​အ​ပေါ် ရည်ညွှန်း​ပြီး​ နှစ်ဘက်စလုံး​ သ​ဘောထား​မှန်ဖို့​ တိုး​တက်​သော ဗုဒ္ဓဘာသာကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) က ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဒီ​ကေဘီ​အေရဲ့​အကြံ​ပေး​ချက် ထုတ်ပြန်စာမှာ အစိုး​ရရဲ့​ လုပ်ဟန် မရိုး​သား​ဘူး​လို့​ပြော​နေ​ပေမယ့်​ ​ကေအန်ယူအ​နေနဲ့​ မိမိလုပ်ဟန်က​ရော ရိုး​သား​မှုရှိရဲ့​လား​ ဆိုတာကိုလည်း​ မှန်မှန်ကန်ကန် ရှုမြင်သုံး​သပ်ဖို့​လိုမယ်လို့​လည်း​ ​ထောက်ပြထား​ပါတယ်။

ဒီ​ကေဘီ​အေရဲ့​ သ​ဘောထား​ကြေညာချက်အ​ပေါ် ​ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သာက​ပေါက ခုလို တုံ့​ပြန်​ပြောကြား​ပါတယ်။

“ကျ​နော်ကြည့်​ရတာ​တော့​ ​ရေး​တဲ့​ အ​ရေး​အသား​တွေဟာ ရန်သူဘက်က​ရေး​တဲ့​ အ​ရေး​အသား​တွေပါ။ ဒီ​ကေဘီ​အေဆိုတာ ရိုး​ရိုး​သား​သား​ပဲ။ ဒီအ​တွေး​အ​ခေါ်မျိုး​မရှိပါဘူး​။ ကျ​နော်တို့​ကလည်း​ သူ့​ကို မိတ်​ဆွေလိုပဲထား​ပါတယ်။ ရန်သူဘက်က ရိုး​ရိုး​သား​သား​လုပ်​နေတယ်လို့​ဒါ ​ရေး​တဲ့​လူ​ပေါ့​ဗျာ။ သူတို့​က ထင်​နေတယ်။ ဒီ​ကေဘီ​အေလို့​ကျ​နော်မမြင်ဘူး​။”

ကေအန်ယူနဲ့​ မြန်မာအစိုး​ရဟာ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ကြဖို့​ပဏာမ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေရှိခဲ့​ပြီး​ အပစ်အခတ်ရပ်စဲ​ရေး​ မလုပ်ကြရ​သေး​တဲ့​အတွက် ခုလို အပြန်အလှန် ပစ်ခတ်မှု​တွေ ဖြစ်ပွား​နေတာလို့​လည်း​ ပဒို​ဒေး​ဗစ်သာက​ပေါက ​ပြောပါတယ်။

“ကျ​နော်တို့​ကိုယ့်​နယ်ထဲမှာကျူး​ကျော်​နေတဲ့​ ရန်သူကိုတိုက်တာပဲ။ သူက ငြိမ်း​ချမ်း​ရေး​ အသံပစ်ပြီး​တော့​ ကျ​နော်တို့​ဘက်မှာ လုပ်ချင်တာ​တွေ လုပ်​နေလို့​မရဘူး​လေ အဲ့​ဒါပါ။”

ကေအန်ယူနဲ့​မြန်မာအစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ် အဖွဲ့​တွေဟာ ပြီး​ခဲ့​တဲ့​ နှစ် နိုဝင်ဘာလ ၁၉ရက်​နေ့​က ထိုင်း​နိုင်ငံ မယ်ဆိုင်မှာတကြိမ်၊​ ဒီဇင်ဘာလ ၂၁ ရက်​နေ့​က မဲ​ဆောက်မြို့​မှာ တကြိမ် ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ကြပြီး​ လာမယ့်​ ဇန်နဝါရီ ၁၂ ရက်​နေ့​မှာ ပြည်​ထောင်စုအဆင့်​ အစိုး​ရကိုယ်စား​လှယ်နဲ့​ ကရင်ပြည်နယ် ဘား​အံမြို့​မှာ ငြိမ်း​ချမ်း​ရေး​ကိစ္စ ​တွေ့​ဆုံ​ဆွေး​နွေး​ကြဖို့​ရှိပါတယ်။

နယ်ခြား​စောင့်​တပ်အဖြစ် မခံယူခဲ့​တဲ့​ ဗိုလ်နှုတ်ခမ်း​မွေး​ ​ခေါ် ဗိုလ်မှူး​ချုပ်​စောလား​ဘွယ် ဦး​စီး​တဲ့​ ဒီ​ကေဘီ​အေ ကလိုထူး​ဘောအဖွဲ့​က ပြီး​ခဲ့​တဲ့​နှစ် ဒီဇင်ဘာလ ၁၁ ရက်​နေ့​ကတည်း​က မြန်မာအစိုး​ရနဲ့​ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက် စာချုပ်ချုပ်ခဲ့​ပြီး​ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013