A d v e r t i s e m e n t With Us

ချင်း​အမျိုး​သား​တပ်ဦး​နှင့်​ ပြည်နယ်အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ စတင်

ချင်း​ပြည်နယ်အစိုး​ရနဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ (စီအန်အက်ဖ်)ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​တို့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲကို ချင်း​ပြည်နယ် ဟား​ခါး​မြို့​မှာ ဒီက​နေ့​စတင်တယ်လို့​ ဟား​ခါး​မြို့​နေ ​စောင့်​ကြည့်​အကဲခတ်တဦး​က ​ပြောပါတယ်။ ဒီ​ဆွေး​နွေး​ပွဲဟာ ဒီက​နေ့​နဲ့​ မနက်ဖြန် နှစ်ရက် ​ဆွေး​နွေး​မယ်လို့​ သိရပြီး​ ဘာ​တွေ ​ဆွေး​နွေး​တယ်ဆိုတာ​တော့​ အ​သေး​စိတ်မသိရ​သေး​ပါဘူး​။ အခုလ ၄ ရက်​နေ့​က ဟား​ခါး​မြို့​ကို​ရောက်ရှိလာကြတဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ ကိုယ်စား​လှယ်အဖွဲ့​ကို ​ဒေသခံချင်း​ပြည်သူ ​ထောင်ချီပြီး​ ကြိုဆိုခဲ့​ကြပါတယ်။ ၁၉၈၈ လူထုအုံကြွမှုအပြီး​ တည်​ထောင်ပြီး​ စစ်အစိုး​ရကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့​တဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ဟာ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​ အဖွဲ့​ဝင်လည်း​ဖြစ်ပြီး​ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​အတွက် လက်နက်ကိုင် တိုက်ပွဲဝင်​နေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up