A d v e r t i s e m e n t With Us

ဆန်တန်ချိန် ၁၅,၀၀၀ အ​နောက်အာဖရိကကို ​ရောင်း​မည်

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​ အသင်း​က​နေပြီး​တော့​ ဆန်တန်ချိန် ၁၅,၀၀၀ ကို ​ရောင်း​ချမယ်လို့​ သိရပါတယ်။ ဇန်နဝါရီလ ၇ ရက်​နေ့​မှာ ဧည့်​မထ ၂၅ မတ်တန်အမျိုး​အစား​ကို ဆန်စပါး​လုပ်ငန်း​ အသင်း​က​နေ အ​နောက် အာဖရိကကို ​ရောင်း​ချမှာဖြစ်ပါတယ်။ ဆန် တတန်ကို အ​မေရိကန်​ဒေါ်လာ ၃၅၅ နဲ့​ ​ရောင်း​ချတာလို့​ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က​နေ သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​ အသင်း​ဝင် ကုမ္ပဏီများ​က​နေ ပထမဦး​ဆုံး​ စု​ပေါင်း​ ​ရောင်း​ချတာလည်း​ ဖြစ်ပါတယ်။ ပြည်ပကို ဆန်တင်ပို့​ရောင်း​ချတာဟာ ပြည်တွင်း​က ဆန်စပါး​ဈေး​ကွက်ကို ထိခိုက်မှာ မဟုတ်ဘူး​လို့​လည်း​ ဆန်စပါး​လုပ်ငန်း​အသင်း​က ​ပြောပါတယ်။ ဆန်စပါး​ထုတ်လုပ်မှုဟာ ပြည်တွင်း​စား​သုံး​မှုထက် ပိုလျှံတယ်လို့​ ဆန်စပါး​ ​ဈေး​ကွက်နဲ့​ ထုတ်လုပ်မှုအပိုင်း​ကို ​လေ့​လာသူ ​ဒေါက်တာမျိုး​အောင်​ကျော်က ​ပြောပါတယ်။ “ကျ​နော်တို့​တိုင်း​ပြည်က တကယ်တမ်း​တော့​ ပိုတယ်။ ​နောက်တခုက စပါး​ဆိုတာမျိုး​က ၄၊​ ၅လကို တသီး​လောက်ထွက်​နေပြီဆို​တော့​ ​ဈေး​ကွက်တခုမှာ ​ဈေး​နှုန်း​တခု မရှိရင် လယ်သမား​ဘက်က ထုတ်လုပ်မှု စရိတ်ထက် ​အောက်​လျော့​သွား​ရင်သာ ​နောက်အကျိုး​ဆက်က ​နောက်နှစ်ဆိုရင် အထွက်နှုန်း​က ကျကျသွား​တယ်။ ထုတ်လုပ်မှု ကျကျသွား​တယ်။ အဲဒီလိုဟာကို ထိန်း​ဖို့​ဆိုတာ export က ​တောက်​လျှောက်လုပ်မှ ရ​တော့​မယ်။ အခုက စပါး​ပေါ်တဲ့​ ရာသီလည်း​ဖြစ်တယ်။ အခုဆိုရင် ​ဈေး​တွေကျလာတယ်။ ​ဈေး​ကျတာ ကျ​နော်တို့​ ထုတ်လုပ်မှု စရိတ်ထက်ကို နည်း​သွား​ပြီ။ လယ်သမား​ တဧက မြှုပ်နှံမှုထက်ကို နည်း​သွား​ပြီ။ နည်း​သွား​တဲ့​အခါကျ​တော့​ သူတို့​အ​နေနဲ့​ နစ်နာတာ​ပေါ့​ဗျာ။ နစ်နာ​တော့​ အခု export drive ​လေး​ရှိရင် ​ဈေး​လေး​က အတိုင်း​အတာတခု ပြန်ရလာမယ့်​ ဆိုတဲ့​သ​ဘော​ပေါ့​နော်။” ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း​မှာ မြန်မာနိုင်ငံမှာ ဆန်စပါး​ဈေး​ ကျဆင်း​နေပြီး​တော့​ စပါး​စိုက်​တောင်သူ​တွေအတွက်လည်း​ စိုက်ပျိုး​စရိတ် ကာမိ​အောင် အခုလို ​ဈေး​ကွက်ရှာပြီး​ ​ရောင်း​ချတာဖြစ်တယ်လို့​လည်း​ ဆန်စပါး​လုပ်ငန်း​ရှင် အသင်း​က​နေ ​ပြောပါတယ်။ မြန်မာနိုင်ငံမှာ အစိုး​ရ ကိန်း​ဂဏန်း​များ​အရ နှစ်စဉ် စပါး​တန်ချိန် သန်း​ ၃၀ ထွက်ရှိပြီး​တော့​ တန်ချိန် ၁ သန်း​နီး​ပါး​က နယ်စပ်က​နေ ပြည်ပနိုင်ငံများ​ကို တင်ပို့​ရောင်း​ချ​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up