DVB Logo
Home
မြန်မာသတင်း
ရခိုင်ကမ်း​လွန်ကထွက်သည့်​ သဘာဝဓာတ်​ငွေ့​တချို့​ ရခိုင်ပြည်သား​များ​ ခံစား​ခွင့်​ရပြီ
DVB
·
January 5, 2012
Donate to DVB

ရခိုင်ကမ်း​လွန်က သဘာဝဓာတ်​ငွေ့​ကို ရခိုင်ပြည်သား​တွေကို ပမာဏအနည်း​ငယ်​ပေး​ဖို့​ ပြည်​ထောင်စုအစိုး​ရက သ​ဘောတူစာချုပ် ချုပ်ဆိုလိုက်တာ​ကြောင့်​ လျှပ်စစ်မီး​မရရှိဘဲ ​ဈေး​ကြီး​မြင့်​နေတဲ့​ ရခိုင်​ဒေသမှာ မီး​လင်း​လာဖွယ်ရှိပြီး​ ဖွံ့​ဖြိုး​မှုလမ်း​ကြောင်း​ စတင်​တော့​မှာဖြစ်ပါတယ်၊

ရှေ့​လာမယ့်​နှစ်ကုန်ပိုင်း​ကျရင် ရခိုင်ကမ်း​လွန်ထွက် သဘာဝဓာတ်​ငွေ့​တွေ တရုတ်ပြည်ကို ပိုက်လိုင်း​နဲ့​ တင်ပို့​တဲ့​အခါကျရင် သဘာဝဓာတ်​ငွေ့​ ပမာဏ အနည်း​ငယ်ကို ရခိုင်​ဒေသသုံး​ဖို့​ ရရှိ​တော့​မှာပါ။

ပြည်​ထောင်စုအစိုး​ရ စွမ်း​အင်ဝန်ကြီး​ဌာနနဲ့​ ကိုရီး​ယား​ ​ဒေဝူး​ကုမ္ပဏီတို့​ စာချုပ်ချုပ်ဆိုစဉ် အဲဒီ အချက်ကို ထည့်​သွင်း​ချုပ်ဆိုခဲ့​တယ် ဆိုတဲ့​အချက်ကို အခုလ ၂ ရက်​နေ့​က စွမ်း​အင်ဝန်ကြီး​ဌာနကို ​မေး​မြန်း​ရာမှာ သိခဲ့​ရတယ်လို့​ ပြည်တွင်း​ထုတ် ​ပေါ်ပြူလာနယူး​စ်ဂျာနယ်ရဲ့​ သတင်း​ထောက်ချုပ် ကိုမိုး​မြင့်​မြတ်က ​ပြောပါတယ်။

“စွမ်း​အင်က တ​ယောက်ကို ကျ​နော့်​တို့​ ဆက်သွယ်ပြီး​တော့​ရတာပါ။ ဘယ်​လောက်​ပေး​မယ်ဆိုတာ​တော့​ မပါဘူး​။ စာချူပ် ချုပ်တဲ့​ရက်ကို ကျ​နော်တို့​ အ​သေး​စိတ်မရဘူး​ဗျ။ ကျ​နော်တို့​ဆီက​တော့​ နှစ်ရက်​နေ့​လောက်က သိရတယ်။”

ပေါ်ပြူလာနယူး​စ်ဂျာနယ်ကို စွမ်း​အင်ဝန်ကြီး​ဌာနက ဒီသတင်း​မ​ပြောခင်မှာ ဒီလ ၁ ရက်​နေ့​ညက ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ရခိုင်ကထွက်ရှိတဲ့​ သဘာဝဓာတ်​ငွေ့​ကို ရခိုင်ပြည်နယ်သား​တွေလည်း​ ခံစား​ခွင့်​ရှိတယ်ဆိုတာကို ​ကျောက်ဖြူမြို့​နယ်မှာ လူထု​တွေ့​ဆုံရှင်း​လင်း​ပွဲတခု လုပ်ခဲ့​ပါ​သေး​တယ်။

ဒါ​ကြောင့်​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်လည်း​ ဒီ​တွေ့​ဆုံပွဲမှာ ​ရောက်ရှိ ​ပြောကြား​ခဲ့​တာ​ကြောင့်​ ​ဒေါက်တာ​အေး​မောင်ကို သဘာဝဓာတ်​ငွေ့​ ပမာဏအနည်း​ငယ် ​ပေး​မယ်ဆိုတဲ့​ သတင်း​အ​ပေါ် ​မေး​မြန်း​ရာမှာ သူက ကြိုဆိုလိုက်ပါတယ်။

“၂၀၁၃ ​မေမှာ တရုတ်​ရေနံဂက်စ်ပိုက်လိုင်း​က စတင် ​ဆောင်ရွက်​တော့​မှာ​လေ။ တပြိုင်တည်း​ လုပ်​ပေး​မယ့်​ သ​ဘောထင်ပါတယ်။ အဲဒါမျိုး​ဆိုရင်​တော့​ လူထုကလည်း​ လက်ခံနိုင်တဲ့​ အတိုင်း​အတာ ရှိသွား​နိုင်တာ​ပေါ့​လေ။ လာမယ့်​ ၂၀၁၂-၁၃ ဘတ်ဂျက်က လာမယ့်​ဧပြီလမှာ စဖြစ်​တော့​မှာကိုး​။ ဆို​တော့​ အဲဒီကစပြီး​တော့​ အ​ခြေခံအ​အောက်အအုံပိုင်း​ လုပ်​ပေး​ရ​တော့​မှာ​ပေါ့​။ အစီအစဉ်ရှိတယ်ဆိုရင်​လေ။ ဥပမာဆိုပါစို့​ ၂၃၀ ​ကေဗွီ ဓာတ်အား​လိုင်း​ တာဝါတိုင်ကြီး​တွေ​ဆောက်တာတို့​ ​ပေါ့​ဗျာ။ အဲဒီကစပြီး​ လုပ်​ပေး​နိုင်မယ်။ နှစ်စဉ်နှစ်တိုင်း​ လူထုက ​တောင်း​တာ​ပြောတာထက် လုပ်​ပေး​တယ်ဆိုတဲ့​ အသိ​လေး​ ဝင်သွား​တဲ့​အခါကျ​တော့​ ပြည်​ထောင်စု ပိုခိုင်မြဲတာ​ပေါ့​။”

ရခိုင်​ဒေသကို ပြည်နယ်ထွက်သယံဇာတ ပမာဏအနည်း​ငယ်​ပေး​ရေး​ သ​ဘောတူချက်ဖြစ်မလာခင်ကတည်း​က ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီအမတ်​တွေဟာ လွှတ်​တော်​တွေမှာ အကြိမ်ကြိမ် တင်ပြ ​တောင်း​ဆိုခဲ့​ကြပြီး​ သက်ဆိုင်ရာက ငြင်း​ပယ်ခဲ့​ပါတယ်။

အခုလ ၁ရက်​နေ့​က ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့​မှာ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ဦး​ဆောင်ပြီး​ လူထု​တွေ့​ဆုံပွဲကို ရည်ညွန်း​ခဲ့​တာပါ။

အဲဒီ လူထု​တွေ့​ဆုံပွဲမှာ ရခိုင်​ဒေသထွက် သဘာဝဓာတ်​ငွေ့​ကို ပြည်နယ်သား​တွေ အကျိုး​မခံစား​ရတာ​တွေ၊​ ရန်ကုန်မြို့​မှာ မီတာ ၁ ယူနစ် ၂၅ ကျပ်​ပေး​ရချိန် ရခိုင်ပြည်နယ်မှာ ကျပ်​ငွေ ၅၀၀ ထိ အဆ ၂ဝ​လောက် ​ဈေး​ကြီး​တာ​တွေ၊​ လျှပ်စစ်မီး​ မရလို့​ ဖွံ့​ဖြိုး​ရေး​မှာ ​နောက်ကျ ကျန်ရစ်တာ​တွေကို ​ပြောဆိုခဲ့​ပြီး​ ရခိုင်ပြည်နယ်ထွက်သယံဇာတကို ရခိုင်ပြည်သား​တွေ ခံစား​ချင်တယ်လို့​ ပြည်​ထောင်စုအစိုး​ရကို အသိ​ပေး​ခဲ့​ပါတယ်။

ဒေါက်တာ​အေး​မောင် အဆိုအရ သမ္မတရဲ့​ မြစ်ဆုံ​ရေကာတာ ဆိုင်း​ငံ့​တဲ့​ သဝဏ်လွှာအပြီး​မှာ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အား​ကိုး​ရတဲ့​ ဝန်ကြီး​တချို့​နဲ့​ အကြိမ်ကြိမ် ​ဆွေး​နွေး​ဖြစ်ခဲ့​တယ်လို့​ ဆိုပါတယ်။

အဲဒီဝန်ကြီး​တွေက ရခိုင်ပြည်သူ​တွေကို ကိုယ်ချင်း​စာသလို တရုတ်နဲ့​လုပ်​နေရတဲ့​ လုပ်ငန်း​တွေရဲ့​ အကျိုး​အာနိသင်၊​ စာချုပ်​တွေ​ပေါ်မှာ လိုက်နာ ​စောင့်​စည်း​ရမယ့်​ နိုင်ငံ​တော်တရပ်ရဲ့​ တာဝန်ဝတ္တရား​တွေကို ​ဆွေး​နွေး​ဖြစ်ခဲ့​ပြီး​နောက် ဒီ​ဒေသက ထွက်တဲ့​ သယံဇာတထဲက ရာခိုင်နှုန်း​ တချို့​ခံစား​ခွင့်​ပေး​သင့်​တယ်၊​ ​ပေး​ရမယ်ဆိုတာကို သ​ဘောတူကြတယ်လို့​လည်း​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013