Home
မြန်မာသတင်း
ချောက်မြို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုင် အိမ်ရာတလုံး မီလောင်ကျွမ်း
DVB
·
March 23, 2017
  ချောက်မြို့ အမှတ် (၅) ရပ်ကွက် တမာတန်းရပ်နေ ဦးနေမျိုးထွန်း (ရေနံအငယ်တန်း အင်ဂျင်နီယာ ၁)၊ လျှပ်စစ်ဌာနရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် နေအိမ်အမှတ် နခ/၂၃၁ နေအိမ်မှာ သွယ်သန်းထားတဲ့ ဝါယာကြိုးမှတဆင့် အပူလွန်ကဲကာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ချောက်မြို့နယ် မီးသတ်ဌာန မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ချောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ၊ ရေနံမီးသတ်ဌာန၊ ရပ်ကွက်သူရပ်ကွက်သားတွေ စုစုပေါင်း ၂၀၀ ဦးခန့်တို့မှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီးတိုဖြင့် ငြိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှုကြောင့် ၃ပင်-၄ပင် ပတ်လည် အလျား ပေ ၃၀ အနံပေ ၂၄ အမြင် ၂၄ ပေ နှစ်ထပ် သွပ်မိုး ထရံကာ ပျဉ်ခင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် လူနေအိမ်တလုံး ပျက်စီးခဲပြီး ဆုံးရှုံးမှုတန်ဖိုး ၁၁၅၂၀၀၀ ကျပ်ဖြစ်ကြောင်း သိရှိရပြီး မီးပေါ့ဆသူ ဦးနေမျိုးထွန်းကို ချောက်မြို့မရဲစခန်းမှာ (ပ) ၇၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - jame ko
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024