ပြင်သစ် ရွေးကောက်ပွဲဝင် သမ္မတလောင်းများ မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲ ပြုလုပ်

မကြာခင် ရွေးကောက်ပွဲကျင်းပတော့မယ့် ပြင်သစ်နိုင်ငံမှာ အဓိကပြိုင်ဘက် သမ္မတလောင်းတွေ မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ဆိုရှယ်လစ်ပါတီက ဘယ်နာ-အာမွန်း၊ ကွန်ဆာဗေးတစ်ပါတီက ဖရန်ဆွာဖီလွန်၊ လက်ယာစွန်း အမျိုးသားတပ်ဦးပါတီက မာရီနာလီပန်း၊ လွတ်လပ်ရေးပါတီက အီမန်နျူဝယ်လ်မာကွန်းနဲ့ လက်ဝဲစွန်းပါတီက သမ္မတလောင်း ဂျွန်းလုမဲလန်ချွန်းတို့ မတ်လ ၂၀ ရက်နေ့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ပြင်သစ် ပုဂ္ဂလိကမီဒီယာတခုဖြစ်တဲ့   TF1-ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့ပါတယ်။ လူထုစစ်တမ်းကောက်ယူချက်တွေအရ ပြင်သစ်ပြည်သူ ၄၀ ရာခိုင်နှုန်း လောက်ဟာ အခုချိန်ထိ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့် ပထမဦးဆုံးကောက်ယူတဲ့ စစ်တမ်းတွေအရ လွတ်လပ်ရေးပါတီ သမ္မတလောင်း မာကွန်းနဲ့ လက်ယာစွန်းအမျိုးသားတပ်ဦးပါတီက မာရီနာလီပန်းတို့ လူကြိုက်များ ရေပန်းစားနေပါတယ်။ ကွန်ဆာဗေးတစ်ပါတီ သမ္မတလောင်း ဖရန်ဆွာဖီလွန်ကတော့ အစောပိုင်းမှာ ထိပ်တန်းနေရာရခဲ့ပေမယ့် ငွေကြေးဆိုင်ရာ နာမည်ပျက်မှုကြောင့် နောက်ပိုင်းမှာ လူကြိုက်နည်း သွားပါတယ်။ ပြင်သစ်နိုင်ငံရွေးကောက်ပွဲကို ဧပြီ ၂၃ နဲ့ မေ ၇ ရက်နေ့တွေမှာ ပြုလုပ်ဖို့စီစဉ်ထားကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up