၁၄ နာရီကြာ စစ်မေးခံရသည့် တောင်ကိုရီးယားသမ္မတဟောင်း စွပ်စွဲမှုများကို ငြင်းဆန်

South Korea's ousted leader Park Geun-hye arrives at a prosecutor's office in Seoul on March 21, 2017. Ousted South Korean president Park Geun-Hye reported to prosecutors on March 21 for questioning over the corruption and abuse of power scandal that brought her down, after using executive privilege to avoid them for months while in office. / AFP PHOTO / KIM HONG-JI
ထုတ်ပယ်ခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးဟာ မတ် ၂၁ ရက်နေ့က အစိုးရရှေ့နေတွေရဲ့ ၁၄ နာရီကြာအောင် အစစ်ဆေးမေးမြန်းခံရပြီး သူ့အပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆန်တယ်လို့ ဆိုပါတယ်။ ပတ်ဂွန်ဟေးဟာ သူ့ရဲ့ အရင်းနှီးဆုံး အမျိုးသမီးမိတ်ဆွေတဦးက စီးပွားရေးကုမ္ပဏီကြီးတွေကို ငွေညှစ်မှု ခွင့်ပြုခဲ့မှုနဲ့ ရုံးတင်ခံရနိုင်ပြီး သူ့ရဲ့ အမျိုးသမီးမိတ်ဆွေကတော့ အဂတိလိုက်စားမှုတွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သူ အစိုးရရှေ့နေရုံးကို ရောက်ရှိလာချိန်မှာတော့ သူ့ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရပြီး သူ့အပေါ် စစ်ဆေးမှုတွေကို သူ အတတ်နိုင်ဆုံး ကူညီသွားပါမယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့ရှိ၊ မရှိ မေးမြန်းမှုကိုတော့ အစိုးရရှေ့နေတွေက လောလောဆယ် ပတ်ဂွန်ဟေးကို စစ်ဆေးမေးမြန်းမှုတွေကိုပဲ အဓိကအာရုံစိုက်နေဆဲပဲလို့ ပြောပါတယ်။ ပတ်ဂွန်ဟေးဟာ သူ သမ္မတတာဝန် ထမ်းဆောင်ချိန်တုန်းက သူ့ကို စစ်ဆေးမေးမြန်းဖို့ ကြိုးစားမှုတွေကို ငြင်းပယ်နိုင်ခဲ့ပေမယ့် သူ့အပေါ် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို အခြေခံဥပဒေခုံရုံးက အတည်ပြုပေးခဲ့အပြီး အခုလို စစ်ဆေးမေးမြန်းနိုင်တာ ဖြစ်ပါတယ်။ ပတ်ဂွန်ဟေးဟာ ကျန်းမာရေးသိပ်ကောင်းပုံမရတဲ့အတွက် သူ့ကို စစ်ဆေးမှုတွေအတွင်း ဆရာဝန်တဦးက အကြိမ်ကြိမ် ဆေးစစ်ပေးခဲ့တယ်လို့ ပတ်ဂွန်ဟေးရဲ့ ရှေ့နေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up