အီဂျစ်မမ်မီရုပ်အလောင်းပုံစံဝတ် လူပေါင်း ၈၀၀ ကျော်ပါဝင်သည့် ကမ္ဘာ့စံချိန်တင်သရုပ်ပြပွဲ(ရုပ်သံ)

ဗြိတိန်-သြစတြေးလျ ၂ နိုင်ငံ ပြတိုက်ချင်း ပူးတွဲပြပွဲရဲ့ တစိတ်တဒေသအဖြစ် လူဦး ရေ ၈၀၀ ကျော်ဟာ အီဂျစ်ရှေးဟောင်း မမ်မီရုပ်အလောင်းတွေရဲ့ ပုံစံအတိုင်း ၀တ်ဆင် သရုပ်ပြခဲ့ကြပါတယ်။ ဒီသရုပ်ပြမှုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့စံ ချိန်တင်နိုင်ဖို့ ကြိုးစားခဲ့တာလို့ စီဂျီတီအန်သတင်းတပုဒ်မှာ မတ်လ ၂၀ ရက်က ဖော်ပြပါတယ်။ သရုပ်ပြမှုမှာ ပါဝင်တဲ့ ဂျွန်အီးလီးယက်တ်က “ကျမ ရှေးဟောင်း အီဂျစ်မမ်မီရုပ် အလောင်းတွေရဲ့ ၀တ်စုံကို တကယ်ဝတ်ကြည့်ချင်ခဲ့ပါတယ်။ ကျမရဲ့ ကျောင်းက စာတမ်းအတွက် ခုလို လာရောက် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဒီသရုပ်ပြပွဲမှာ ပါဝင်သူတွေဟာ နာမည်ကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ Thriller နဲ့ ကုခုန်ပျော်မြူးခဲ့ကြတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up