A d v e r t i s e m e n t With Us

ဟင်္သာတမြို့​တွင်း​က ဓာတ်ဆီသို​လှောင်ရုံ​တွေ ဖယ်ရှား​ပေး​ပါ

ရန်ကုန်မှာ သို​လှောင်ရုံ တခုက​နေ ​ပေါက်ကွဲသံတခု ကြား​ရပြီး​တော့​ မီး​လောင်တယ်ဆိုတာကို ဒီမိုကရက်တစ် မြန်မာ့​အသံက​နေ ကျ​နော်တို့​ ကြည့်​ရတယ်။ ဒါကို ဟင်္သာတ မြို့​သူမြို့​သား​ တ​ယောက်အ​နေနဲ့​ ​ပြောချင်တာက​တော့​ ကျ​နော်တို့​ ဟင်္သာတမှာက ဓာတ်ဆီဂို​ဒေါင်​တွေရှိတယ်။ ဓာတ်ဆီသို​လှောင်တဲ့​ရုံ​တွေက ဧရာ​ရွှေဝါတို့​၊​ ​အေရှား​ဝေါလ်တို့​က လုပ်တဲ့​ ကုမ္ပဏီ​တွေဆိုရင် မြို့​ပြင်မှာကို တကယ့်​ကို စနစ်တကျ ကန်ကြီး​တွေနဲ့​ ပန့်​တွေနဲ့​ နိုင်ငံ​တော်အဆင့်​မီ လုပ်​နေပြီး​ မြို့​ထဲမှာ မြို့​နယ်က အုပ်ချုပ်​ရေး​အာဏာပိုင် အဖွဲ့​အစည်း​ အဆင့်​ဆင့်​ကို လာဘ်လာဘ​ပေး​ပြီး​တော့​ သူတို့​က​ရောင်း​နေတဲ့​ ဓာတ်ဆီဆိုင်​တွေရှိတယ်။ ​နောက်ဆုံး​ ဘယ်​လောက်အထိ ဓာတ်ဆီဆိုင်​တွေက ဆိုး​လဲဆိုရင် ခရိုင်ရဲတပ်ဖွဲ့​မှူး​ အိမ်​ရှေ့​မှာလည်း​ ရှိတယ်။ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ် ​ဒေါက်တာဦး​သိန်း​စိုး​ကြီး​ရဲ့​ မျက်​စောင်း​ထိုး​မှာလည်း​ရှိတယ်။ နတ်​မောက်လမ်း​ ​တောက်​လျှောက်မှာလည်း​ရှိတယ်။ ကား​လုပ်တဲ့​ ​ရွှေကမ္ဘာကား​အိမ် ဆိုရင်လည်း​ လက်ဖက်ရည်ဆိုင်​ထောင့်​မှာ ​လှောင်ထား​တာ ​ပေပါအလုံး​ ၃၀ ​လောက်ရှိတယ်။ ​နောက် ကုလား​ရေအိုး​စင်နား​မှာလည်း​ သီးသန့်​လှောင်ခန်း​တို့​ ဘာတို့​လည်း​ မရှိဘူး​။ မရှိ​တော့​ ဒီလို​ပေါက်ကွဲမှုမျိုး​ တစုံတခုဖြစ်ခဲ့​ရင် ဟင်္သာတမြို့​ဟာ ဓာတ်ဆီ​လောင်း​ပြီး​ မီး​ရှို့​တာနဲ့​ အတူတူပဲ။ အဲ့​တော့​ ကျ​နော်​ပြောချင်တာက ဟင်္သာတက အာဏာပိုင် အဖွဲ့​အစည်း​တွေက ပိုက်ဆံယူချင်လည်း​ ယူပါ။ ဒါ​ပေမယ့်​ ​ရောင်း​ချခွင့်​ ​ပေး​ရုံ​ပေး​ပါ။ သို​လှောင်ခွင့်​တွေ မ​ပေး​ပါနဲ့။ မြို့​လယ်​ခေါင်မှာ ဒီလို​ရောင်း​တာဟာ တရပ်ကွက်ကို ဓာတ်ဆီဂါလန် ပျမ်းမျှတွက်လိုက်မယ်ဆိုရင် ဂါလန် ၃၀ ​လောက်က ဖျန်း​ပြီး​သား​လို ဖြစ်​နေတယ်ဗျာ။ အဲ့​ဒါကို မီး​လောင်နိုင်တဲ့​ ​နေရာ​တွေမှာ အမြန်ဆုံး​ ဒါ​တွေကို ရှင်း​လင်း​ဖယ်ရှား​ ​စေချင်လို့​ ကျနော်တင်ပြလိုက်တာပါ။” ဟင်္သာတမြို့​ခံတဦး

A d v e r t i s e m e n t With Us

More News
Up