လာဘ်စားမှုဖြင့် စစ်ဆေးခံရမည့် သမ္မတဟောင်းပတ်ဂွန်ဟေး နေအိမ် လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတဟောင်း ပတ်ဂွန်ဟေးကို ဒီကနေ့ လာဘ်စားမှုနဲ့ စစ်ဆေးဖို့ရှိတာကြောင့် သူမရဲ့နေအိမ်နဲ့ အမှုစွဲရှေ့နေရုံးရှေ့မှာ လုံခြုံရေး တင်းကျပ်ထားတာကို မြင်တွေ့ရပါတယ်။ သမ္မတဟောင်း ပတ်ဟာ လာဘ်စားမှုမှာ ပါဝင်ပတ်သက်နေတဲ့အတွက် သူ့ကို သမ္မတရာထူးကနေ အပြီးတိုင် ဖယ်ရှားလိုက်ကြောင်း ဖွဲ့စည်းပုံတရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမိန့်ချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် သာမန်အရပ်သားဖြစ်သွားတဲ့ သမ္မတဟောင်း ပတ်ကို လာဘ်စားမှုနဲ့ စွဲချက်တင်ဖို့သင့်မသင့် အမှုစွဲရှေ့နေရုံးက ဆက်လက်စစ်ဆေးမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up