A d v e r t i s e m e n t With Us

ပြည်​ထောင်စု​နေ့​တွင် နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို

ဦး​သိန်း​စိန်အစိုး​ရအ​နေနဲ့​ စစ်မှန်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို ထူ​ထောင်လိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ကို လာမယ့်​ ပြည်​ထောင်စု​နေ့​မှာ လွှတ်​ပေး​ရမယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အက်စ်အန်အယ်လ်ဒီ) က ​ပြောပါတယ်။ ဒီက​နေ့​ကျ​ရောက်တဲ့​ ၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​ကို ကြိုဆိုတဲ့​အ​နေနဲ့​ သမ္မတဦး​သိန်း​စိန်က အကျဉ်း​သား​ တချို့​ကို ​လျှော့​ရက်​တွေနဲ့​ လွှတ်​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ဒီထဲမှာ ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင် ခွန်ထွန်း​ဦး​အပါအဝင် ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ပါမလာ​သေး​တဲ့​အတွက် ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ကို ပြန်လွှတ်​ပေး​ဖို့​ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​တောင်း​ဆိုလိုက်တာပါ။ “အခုအစိုး​ရအ​နေနဲ့​ တူတာကိုတွဲလုပ်မယ်၊​ မတူတာကို ​ဘေး​ဖယ်ထား​ ပြီး​တော့​မှ သီး​ခြား​လုပ်မယ်၊​ ဒီမိုက​ရေစီ ခရီး​စဉ်ကြီး​မှာ ပါဝင်သင့်​ ပါဝင်ထိုက်သူများ​ အား​လုံး​ကို လက်ကမ်း​ ကြိုဆိုပြီး​တော့​မှ အတူ တွဲလုပ်သွား​ကြမယ်လို့​ တဖွဖွ ​ပြော​နေတဲ့​ ကြား​ထဲက ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ဂဂမျိုး​ဆက် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေကို ချန်လှပ်ထား​ခြင်း​အား​ဖြင့်​ အခုသွား​နေတဲ့​ ဒီမိုက​ရေစီလမ်း​ကြောင်း​၊​ လက်ရှိအစိုး​ရရဲ့​ ပထမ ၅ နှစ်စီမံကိန်း​ ဒီ ၅ နှစ်လွှတ်​တော်သက်တမ်း​ထဲမှာ ရှမ်း​ခေါင်း​ဆောင်​တွေနဲ့​ ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေကို ​ဘေး​ဖယ်ထား​သလို ဖြစ်​နေတယ်။ ခွဲခြား​ဆက်ဆံခံ​နေရသလို ဖြစ်​နေတယ်။ ဒါ​ကြောင့်​မို့​လို့​ အား​လုံး​ပါဝင်သင့်​ ပါဝင်ထိုက်တဲ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​မျိုး​ ဖြစ်ဖို့​ဆိုရင် တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ သံဃာ့​လှုပ်ရှား​မှုမှာ ဦး​ဆောင်ပါဝင်တဲ့​ လူ​တွေ​ရော အကုန်လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​လွှတ်ဖို့​လိုတယ်။ ဒါ​ကြောင့်​မို့​လို့​ ဒီဥစ္စာဟာ မဖြစ်မ​နေ လုပ်သင့်​လုပ်ထိုက်တဲ့​ ကိစ္စလို့​ ကျ​နော်​ပြောရခြင်း​ ဖြစ်ပါတယ်။” ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​ ​နောက်ပိုင်း​ ပြီး​ခဲ့​တဲ့​နှစ် ​မေလ ၁ရရက်​နေ့​မှာ အကျဉ်း​သား​ပေါင်း​ ၁၄၀၀၀ ​ကျော်၊​ ​အောက်တိုဘာလ ၁၁ရက်​နေ့​မှာ အကျဉ်း​သား​စုစု​ပေါင်း​ ၆၃၅၉ ဦး​၊​ ဒီနှစ်ဦး​မှာ တကြိမ် လွှတ်​ပေး​ခဲ့​ပေမယ့်​ အဲဒီထဲမှာ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ အနည်း​ငယ်ပဲ ပါဝင်ခဲ့​တယ်။ လွှတ်​ပေး​သူ​တွေထဲမှာ ပါသင့်​ပါထိုက်သူ​တွေ ပါမ​ပေး​သေး​တဲ့​အတွက် နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်​တွေအတွက် စိတ်ပျက်စရာဖြစ်​စေပါတယ်။ က​လေး​ထောင်မှာ အကျဉ်း​ကျခံ​နေရတဲ့​ အက်စ်အန်အယ်လ်ဒီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ စိုင်း​ညွန့်​လွင်ရဲ့​ဇနီး​ဖြစ်သူက “အကုန်လုံး​လွှတ်​ပေး​မယ်လို့​ပဲ ထင်​နေတာ​လေ။ အခုမပါလာ​တော့​လည်း​ စိတ်မ​ကောင်း​ဘူး​ပေါ့​။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကုန်လုံး​ကို​တော့​ လွှတ်​ပေး​စေချင်တာ​ပေါ့​။ အရမ်း​ကြီး​ ​မျှော်လင့်​နေပါတယ်” လို့​ ​ပြောပါတယ်။ ဦး​သိန်း​စိန်အစိုး​ရက ဒီမိုက​ရေစီကို တကယ်မြတ်နိုး​တယ်၊​ နိုင်ငံ​တော်ကို အမှန်တကယ် ပြုပြင်​ပြောင်း​လဲချင်တယ်ဆိုရင် ပြည်​ထောင်စု​နေ့​မတိုင်ခင် နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ကို လွှတ်​ပေး​ဖို့​ အက်စ်အန်အယ်လ်ဒီက ​တောင်း​ဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်း​ထောင်​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ပေါင်း​ ၁၅၀၀ ​ကျော် ရှိတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အဖွဲ့​ (​အေ​အေပီပီ) က ၂၀၁၁ နှစ်ကုန်ပိုင်း​က ထုတ်ပြန်ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up