စာသင်ခန်းတွင်း မူးယစ်ဆေးသုံးနေသည့်ကျောင်းသား ရုပ်သံ ပျံ့နှံ့

ကိုလံဘီယာနိုင်ငံမှာ စာသင်ခန်းတွင်း မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ကျောင်းသားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ ပညာရေးအာဏာပိုင်တွေက သူ့ကို ရှာဖွေနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းမြို့တော် ဘူကရာမန်ကာမြို့ အထက်တန်းကျောင်းတကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။ အချိန် ၂၅ စက္ကန့်သာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီကျောင်းသားဟာ စာသင်ခုံပေါ်မှာ အနီရောင် လေ့ကျင့်ခန်းစာအုပ်တအုပ်နဲ့ ရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ တစုံတခု ရှိနေခဲ့တာပါ။ အချိန်အနည်းငယ်အကြာမှာတော့ သူဟာ ရှေ့ကခုံကိုကွယ်ပြီး အဲဒါကို ရှူသွင်းနေခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် သူဟာ စာအုပ်ပေါ် တင်ကျန်နေတဲ့ ဆေးခြောက်မှုန့်တွေကို ပွတ်ချပစ်လိုက်တာဖြစ်မယ်လို့ အစောပိုင်း သတင်းအစီရင်ခံစာတွေက ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို သူ့ရဲ့နောက်က အတန်းဖော်တဦးက ရိုက်ယူထားခဲ့တာဖြစ်ပြီး အဲဒီကလေးရဲ့ မိခင်ဖြစ်သူက ဒါကို အများပြည်သူသိအောင် အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ လက်ရှိမှာတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးအာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up