DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကျပ် ၅၀၀၀ တန် ဖုန်း​ဆင်း​ကတ် ၁ သန်း​ရောင်း​မည်
DVB
·
January 4, 2012
မြန်မာနိုင်ငံတွင် ကျပ် ၅၀၀၀ တန် ဖုန်း​ဆင်း​ကတ် ၁ သန်း​ရောင်း​မည်
Donate to DVB

မြန်မာနိုင်ငံမှာ ဆင်း​မ်ကတ်​တွေကို ကျပ်​ငွေ ၅၀၀၀ ​လောက်နဲ့​ဝယ်လို့​ရ​တော့​မယ်လို့​သိရပါတယ်။

ရွှေပြည်တံခွန် ကုမ္ပဏီက ဖုန်း​ဆင်း​မ်ကတ်​တွေကို မြန်မာကျပ်​ငွေ ကျပ် ၅၀၀၀ နဲ့​ ​ရောင်း​ချ​ပေး​မယ့်​ အစီအစဉ်တခုကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာက အစိုး​ရထံ ခွင့်​ပြုမိန့်​တင်ထား​တယ်လို့​ ကုမ္ပဏီရဲ့​ မန်​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။

ဝင်​ငွေနည်း​တဲ့​ ပြည်သူ​တွေ၊​ ဆရာ၊​ ဆရာမနဲ့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေအတွက် ရည်ရွယ်တာလို့​ မန်​နေဂျင်း​ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။

“ဝင်​ငွေနည်း​တဲ့​ ပြည်သူ​တွေ ​ကျောင်း​သူ ​ကျောင်း​သား​တွေနဲ့​ ရုံး​ဝန်ထမ်း​တွေ ဆရာဆရာမ​တွေ သူတို့​ လူ​နေမှုဘဝ မြှင့်​တင်ဖို့​ပေါ့​နော်၊​ အဓိကက ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်ဖို့​ နိုင်ငံ​တော် သမ္မတက မူ​ဘောင်နဲ့​ လုပ်​နေချိန်မှာ ကျ​နော်တို့​ ကုမ္ပဏီကလည်း​ အင်တိုက်အား​တိုက် ပါဝင်ဖို့​ သံန္နိဌာန်ချပြီး​တော့​ ဒီလိုလုပ်တာပါ။ နိုင်ငံတကာ အာရှနဲ့​ အာဆီယံ စံနှုန်း​တွေနဲ့​ အညီ ကျ​နော်တို့​လုပ်တာပါ။”

စက်မှုနဲ့​ နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​တွေကို​တော့​ ဂျာမဏီနဲ့​ အ​မေရိကန်က ယူထား​ပြီး​ လက်ရှိ ဖြစ်​ပေါ်​နေတဲ့​ လိုင်း​ကြပ်တာ​တွေကို ​ဖြေရှင်း​နိုင်ဖို့​ အတွက်လည်း​ ကြိုး​စား​ထား​တယ်လို့​ဆိုပါတယ်။

ခွင့်​ပြုချက်ရရှိရင်​တော့​ မတ်လ ပထမပတ်မှာ ဆင်း​မ်ကတ် ၁ သန်း​ ဖြန့်​ဖြူး​သွား​မယ်လို့​ ကုမ္ပဏီက ​ပြောပါတယ်။

ဖုန်း​ခေါ်ဆိုရာတွင် ​ခေါ်ဆိုမှုအတွက်တာ ​ငွေ​ပေး​ဆောင်ရမှာ ဖြစ်ပြီး​တော့​ အဝင်ဖုန်း​တွေအတွက်​တော့​ ​ငွေ​ပေး​စရာ မလိုဘူး​လို့​ ဆိုပါတယ်။ အထွက် ​ခေါ်ဆိုခ အတွက် တမိနစ် ၂၅ ကျပ်၊​ နယ်​ဝေး​ကို​ခေါ်ရင်​တော့​ တမိနစ်ကို ၃၀ ကျပ် ကုန်ကျမယ် လို့​သိရပါတယ်။

ဆင်း​မ်ကတ် ဝယ်ယူအသုံး​ပြုသူများ​က နံပါတ်တခု ရရှိမှာဖြစ်ပြီး​တော့​ ယင်း​နံပါတ်ဟာ တခါသုံး​မဟုတ်ဘဲ ထည့်​သွင်း​ထား​တဲ့​ငွေကုန်ပါက ထပ်မံ ထည့်​သွင်း​နိုင်မှာပါ။

လက်ရှိမြန်မာနိုင်ငံမှာ တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ​ပေါက်​ဈေး​ ကျပ် ၅ သိန်း​လောက်နဲ့​ပေး​ဝယ်​နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013