DVB Logo
Home
မြန်မာသတင်း
ခေတ်အဆက်ဆက် ​ကျောင်း​သား​လှုပ်ရှား​မှုတွင် ပါဝင်သူများ​ ​တွေ့​ဆုံ
DVB
·
January 4, 2012
ခေတ်အဆက်ဆက် ​ကျောင်း​သား​လှုပ်ရှား​မှုတွင် ပါဝင်သူများ​ ​တွေ့​ဆုံ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ ဖြစ်ပွား​ခဲ့​တဲ့​ ​ကျောင်း​သား​လှုပ်ရှား​မှု​တွေမှာ ပါဝင်ခဲ့​တဲ့​သူ​တွေရဲ့​ ​တွေ့​ဆုံပွဲကို ဒီ​နေ့​ ကျင်း​ပခဲ့​ပါတယ်။

ဒီက​နေ့​ မနက်ပိုင်း​က ရန်ကုန် ရှစ်မိုင် ​ပေါက်​စေတီ​ကျောင်း​တိုက်မှာ ကျင်း​ပခဲ့​တာပါ။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​ဝင်း​တင်၊​ ၁၉၆၂၊​ ၁၉၇၄၊​ ၁၉၈၈၊​ ၁၉၉၆-၉၈နဲ့​ ၂၀၀၇ ​ကျောင်း​သား​လှုပ်ရှား​မှုမှာ ပါဝင်ခဲ့​သူ​တွေ အပါအဝင် ပရိသတ် ၅၀၀ ​ကျော် တက်​ရောက်ခဲ့​ပါတယ်။

ကျောင်း​သား​မျိုး​ဆက်​တွေ ​ခေတ်တိုင်း​ ​ခေတ်တိုင်း​မှာ စွန့်​လွှတ်အနစ်နာခံတဲ့​ စိတ်ဓာတ်း​တွေ ဆက်လက် ရှင်သန်နိုင်​အောင် ဒီပွဲကိုကျင်း​ပတာလို့​ ပွဲစီစဉ်သူ ဦး​ကိုကို​လေး​က ​ပြောပါတယ်။

“လုပ်ရခြင်း​ အ​ကြောင်း​ရင်းရှိတယ်။ အဲဒီအ​ကြောင်း​ရင်း​က​တော့​ ကျ​နော်တို့​ ၆၂ က​နေပြီး​တော့​ ၂၀၀၇ သံဃာ့​အ​ရေး​အခင်း​အထိ​ပေါ့​ဗျာ​နော်၊​ ၂၀၀၇ အ​ရေး​အခင်း​အထိ ထိန်း​သိမ်း​ခံခဲ့​ရတဲ့​ အထိန်း​သိမ်း​ခံ​တွေကို ကျ​နော်တို့​ ဂုဏ်ပြုတဲ့​အ​နေနဲ့​ ကျ​နော်တို့​ ​တွေ့​ဆုံပွဲလုပ်တာပါ။ ရည်ရွယ်ချက်က ၂ ခုရှိပါတယ်။ တခုက နိုင်ငံ​ရေး​ဘဝမှာ ဒီလို စွန့်​လွှတ်စွန့်​စား​ပြီး​တော့​ အနစ်နာခံခဲ့​တဲ့​လူ​တွေ၊​ ပြန်ပြီး​တော့​ ရှင်သန်နိုင်​အောင် အချင်း​ချင်း​ဝိုင်း​ဝန်း​ပြီး​တော့​ တတ်နိုင်သ​လောက် ကူညီ​အောင် အား​လုံး​စုစည်း​ပေး​တဲ့​ သ​ဘောပါပဲ။”

အခုလို ​ကျောင်း​သား​မျိုး​ဆက်​တွေ ​တွေ့​ဆုံတာဟာ ဒုတိယအကြိမ်​မြောက် ဖြစ်ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ မဇင်မာ​အောင်က​တော့​ အခုလို ​ခေတ်အဆက်ဆက် ​ကျောင်း​သား​လှုပ်ရှား​မှု​တွေမှာ ပါဝင်သူ​တွေ ​တွေ့​ဆုံခွင့်​ရတဲ့​အတွက်လည်း​ ပိုပြီး​တော့​ ချိတ်ဆက်မိမယ်လို့​ ​ပြောပါတယ်။

“ပိုပြီး​တော့​ ချိတ်ဆက်မိသွား​ကြမယ်​ပေါ့​။ တခြား​ကွဲလွဲ​နေတာ​တွေ ရှိ​နေ​ပေမယ့်​လည်း​ လက်ရှိအ​ခြေအ​နေအရက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ခေါင်း​ဆောင်မှု ​နောက်က​နေ ပြီး​တော့​ ပြတ်ပြတ်သား​သား​ ​ထောက်ခံဝန်း​ရံရမယ်​ပေါ့​နော်။ အဲဒီ တူညီချက်​လေး​တွေကျပါတယ်။ ချိတ်ဆက်မိသွား​ပါတယ်။ မျိုး​ဆက်အသီး​သီး​က​နေ ပြီး​တော့​ မျိုး​ဆက်ကွာဟမှု ကို​တော့​ အထိုက်အ​လျှောက် ​စေ့​စပ်​ပေး​သွား​နိုင်တဲ့​ ပွဲ​လေး​လို့​ ထင်ပါတယ်။”

ဒါ​ပေမယ့်​ လက်ရှိအချိန်မှာ အကျဉ်း​ထောင်​တွေမှာ ​ကျောင်း​သား​တွေ အထူး​သဖြင့်​ ၈၈မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ မလွတ်​မြောက် သေး​ဘဲ အကျဉ်း​ကျခံ​နေရဆဲပဲလို့​လည်း​ ဆိုပါတယ်။

ကျောင်း​သား​လှုပ်ရှား​မှု​တွေဟာ ၁၉၆၂ ခုနှစ်ကတည်း​က ​မြေ​အောက် လှုပ်ရှား​မှုဖြစ်ခဲ့​တာပါ။

ဒီ​နေ့​ ဖြစ်​ပေါ်​နေတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေကိုလည်း​ ဦး​ကိုကို​လေး​က “တခု​တော့​ရှိတယ်ဗျ ကျ​နော်တို့​ကို အ​နှောင့်​အယှက်​ပေး​တာ​တော့​ မရှိဘူး​။ ​နောက် တား​ဆီး​တာလည်း​မရှိဘူး​။ ဒီ​နေ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​က မင်း​တို့​လည်း​ လုပ်ချင်တာလုပ်၊​ ငါတို့​လည်း​ လုပ်ချင်တာ လုပ်မယ် ဆိုတဲ့​ ပုံစံမျိုး​ ဖြစ်​နေတယ်။ ဘာလို့​လဲဆို​တော့​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို​တော့​ ပြန်မလွှတ်ဘူး​လေ ဟုတ်တယ်မဟုတ်လား​။ ကျ​နော်တို့​ကိုလည်း​ တပိုင်း​က ခွင့်​ပြုတယ်၊​ တပိုင်း​ကလည်း​ပဲ ပြန်မလွှတ်​ပေး​ဘူး​ ဆိုတဲ့​ သ​ဘောဖြစ်​နေတာ​ပေါ့​။ အဲဒီ​တော့​ ကျ​နော်တို့​ကို လုပ်ခွင့်​ပေး​တယ် လုပ်​နေရတယ် ဆိုတာက ကျ​နော်တို့​ ​ချွေး​သိပ်​နေတာလား​ဆိုတာ ကျ​နော်တို့​လည်း​ မ​ပြောတတ်ဘူး​။ နိုင်ငံ​ရေး​ အခင်း​အကျင်း​က​တော့​ လမ်း​စ​လေး​တခု​ပေါ်မှာ ​ရောက်​နေတာပဲ ရှိ​သေး​တယ်။ ကျ​နော်တို့​ တကယ့်​ အကျိုး​အမြတ်​တွေက​တော့​ ကျ​နော်တို့​ ပြည်သူ​တွေမှာ မရ​သေး​ပါဘူး​။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013