အာဆင်းနစ် အဆိပ်သင့်ရေကြောင့် အိန္ဒိယ အနောက်ဘန်ဂေါလ်ပြည်နယ်မှာ လူများစွာ သေဆုံး

5.7K
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ်က လူတွေဟာ အာဆင်းနစ် အဆိပ်သင့်တဲ့ မြေအောက်ရေတွေကို သောက်နေကြရတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဲဒီ အနောက်ဘန်ဂေါလ်ကို သမိုင်းတလျှောက် လူတွေ ထုနဲ့ထည်နဲ့ အကြီးအကျယ် အဆိပ်သင့်မှုဖြစ်နေတဲ့ ဒေသကြီးလို့ ခေါ်ဆိုလိုက်ပါတယ်။ ပြည်နယ်အစိုးရကတော့ အာဆင်းနစ် ဖယ်ရှားဖို့ ရေသန့်စက်ရုံတွေ တည်ဆောက်ထားပါတယ်။ ဒါပေမယ့် ထိန်းသိမ်းမှုမရှိ ဖြစ်နေပြီး လူတွေက မြေအောက်က အဆိပ်သင့် ရေတွေကိုပဲ သောက်သုံးနေကြရဆဲဖြစ်ပြီး၊ သေဆုံးမှုတွေလည်း ဖြစ်နေပါတယ်။ ဒီအကြောင်း အနောက်ဘန်ဂေါလ်ပြည်နယ်မှ သတင်းထောက် ‘ရှိက်ခါ အဇစ်ဇာ ရာမန်’(Shaikh Azizur Rahman) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။