
Lead Story သတင်း နိုင်ငံတကာ ရုပ်သံ
ဝေလငါးတွေရဲ့ သီချင်းသံကို နားမကြားတဲ့ကလေးတွေ ဘယ်လိုနားဆင်ကြသလဲ (ရုပ်သံ)
Email This Story :
ဒိုမီနီကန်နိုင်ငံမှ နားမကြားတဲ့ ကျောင်းသား ကလေးငယ်တွေဟာ ဝေလငါးတွေရဲ့ သီချင်းသံကို ဘယ်လိုနားဆင်ခဲ့ကြပါသလဲ။
သူတို့ဟာ ခုလိုနားဆင်နိုင်ဖို့ ရေပေါ်မှာ သင်္ဘောတစီးနဲ့ ရှိနေခဲ့ကြတာဖြစ်ပြီး ရေအောက်မှာ တပ်ဆင်ထားတဲ့ မိုက်ခရိုဖုန်းမှတဆင့် အသံတွေကို ချိတ်ဆက်ထားတဲ့ ကိရိယာတွေပါဝင်တဲ့ ကျောပိုးအိတ်တွေကို နောက်ဘက်မှာ လွယ်ပိုးထားခဲ့ကြတာကို တွေ့ရပါတယ်။
ရေအောက်ကမ္ဘာမှ ဆူညံသံတွေကို တုန်ခါမှုကနေတဆင့် နားမကြားတဲ့ ကလေးငယ်တွေက ခံစားနိုင်စေတာမျိုး ဖြစ်ပါတယ်။
စိန့်ရို့စ်နားမကြားသောကလေးများကျောင်းမှ ကျောင်းသူတဦးဖြစ်တဲ့ အရစ္စဘဲလ်ရိုဆာက “ကျမတို့ ဒီနေ့ ဝေလငါးတွေကို တွေ့ခဲ့ရတာ ဘယ်လောက်များ လှပပါသလဲ။ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ အရွယ်ရောက်ပြီး ဝေလငါးကြီး ၂ ကောင်ကို ကျမတို့ မြင်ခဲ့ရတယ်။ သူတို့ရဲ့ ဂီတသံကို ကျမတို့ ကြားခဲ့ရတာပါ” လို့ ပြောပါတယ်။
ဒါဟာ ကျောင်းရဲ့ ဂီတရှာဖွေမှုခရီးစဉ် တစိတ်တပိုင်းဖြစ်ပြီး နားမကြားတဲ့ ကလေးငယ်တွေကို ဂီတသံစဉ်တွေ နားဆင်ခံစားနိုင်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။