မိုက်ကယ်ဂျက်ဆင်အကဖြင့် လမ်းပြသည့် နိုက်ဂျီးရီးယားပုလိပ်ရုပ်သံ ရေပန်းစား (ရုပ်သံ)

နိုက်ဂျီးရီးယားနိုင်ငံက လမ်းပြပုလိပ်တစ်ဦးဖြစ်တဲ့ အူမာရာအဘူဘာကာကို ရင်းနှီးတဲ့မိတ်ဆွေတွေက အမ်မ်ဂျေထရက်ဖစ်လို့ ခေါ်ကြပြီး အူမာရာဟာ မိုက်ကယ်ဂျက်ဆင်အက ကရင်း လမ်းပြပုလိပ်တာဝန်ကို ပျော်ရွှင်စွာ ထမ်းဆောင်နေတာကို ဘီဘီစီရဲ့ ရုပ်သံထဲမှာ ထူးထူးခြားခြား တွေ့မြင်ရမှာပါ။ နိုက်ဂျီးရီးယားနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမြို့ဖြစ်တဲ့ Maiduguri မြို့မှာ သူက ကားတွေ ရှင်းရှင်းလင်းသွားနိုင်ဖို့ လုပ်ဆောင်နေပြီး သူတစ်ယောက်တည်း ကြားနိုင်တဲ့ စီးချက်နဲ့အတူ တာဝန်အတွက်လည်း လက်ဟန်ခြေဟန် ပြရင်း တစ်ချိန်တည်းမှာပဲ သွက်လက်မြူးကြွစွာ ကရတဲ့ ဂျိုက်ဗ်အက ကနေပါတယ်။ သူက လမ်းပြပုလိပ်ဌာနမှာ အလုပ်လုပ်ကြောင်း၊ သူက မိုက်ကယ်ဂျက်ဆင်ကို အရမ်းနှစ်သက်လို့ မိုက်ကယ်ရဲ့ သီချင်းတွေကို နားထောင်လေ့ရှိကြောင်း၊ သူအနှစ်သက်ဆုံးသီချင်းတွေက ဘေလီဂျင်း ဒါမှမဟုတ် ဒိန်းဂျရက်စ် သီချင်းတွေဖြစ်ကြောင်း အူမာရာက ပြောပါတယ်။ အူမာရာ အလုပ်လုပ်နေတဲ့ Maiduguri မြို့မှာ အစ္စလာမ္မစ်အစွန်းရောက် ဘိုကိုဟာရမ်တွေနဲ့ အစိုးရတပ်တွေကြားတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ “လူတွေရဲ့ နှလုံးသားကို ငြိမ်းချမ်းစေချင်တယ်၊ လူတွေကို ပျော်စေချင် ရယ်မောစေချင်တယ်၊ ဒါမှ ဒီမြို့ကလူတွေ သူတို့ရဲ့ အကျပ်အတည်းတွေ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို မေ့နိုင်မယ်” လို့ အူမာရာက ပြောပါတယ်။ “မြို့ကလူတွေက ကျနော့်ကို ကောင်းကောင်းသိပါတယ်။ ဘိုကိုဟာရမ်တွေလည်း ကျနော့်ကို သိတယ်။ ကျနော်လုပ်နေတာနဲ့ ပတ်သက်ပြီး သူတို့လည်း ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တစ်နေရာတည်းမှာ အတူတူ ကြီးပြင်းလာရတော့ သူတို့ကို ကျနော်သိသလို ကျနော့်ကိုလည်း သူတို့သိပါတယ်” လို့ အူမာရာက ဆိုပါတယ်။ လမ်းပြပုလိပ်အလုပ်မလုပ်ခင် အူမာရာက ဘောလုံးသမားနဲ့ အကသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up