ရေးမြို့၌ မူးယစ်ဆေးပြားများ ဖမ်းမိ
DVB
·
March 19, 2017
မွန်ပြည်နယ်၊ ရေးမြို့ သီရိခေမာရပ်ကွက် မြို့တော်ဦးပိုင်း တနင်္သာရီလမ်းမကြီးပေါ်မှာ သားဇော် ရဲ့ ၀ပ်ရှော့စက်ပြင် နေအိမ်ဆိုင်ခန်းမှာ WY စာတန်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့ပါတယ်။
မတ် ၁၉ ရက်နေ့ မနက်က စခန်းမှူး ဒုရဲမှူး စိုးမွန်နဲ့ ပူးပေါင်းအဖွဲ့ဝင်တို့က ၀င်ရောက်ရှာဖွေရာမှာ အဆိုပါနေအိမ်အောက်ထပ်မှာ အိမ်ရှင် သားဇော် (ခ)ဇော်မိုးထက်ကို မူးယစ်ဆေးပြားသုံး စွဲဖို့ ရောက်ရှိနေတဲ့ သီဟ၊ သားသားဇော်၊ ကျော်ကိုကိုလွင်(ခ) ဂျလကစ်တို့နဲ့အတူ စိတ်ကြွေဆေးပြား WY စာတမ်းပါ စိတ်ကြွဆေးပြား ၇၉၈ ပြားကို ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။
ရေးမြို့မရဲစခန်းက အိမ်ရှင် သားဇော်နဲ့အတူ သီဟ၊ သားသားဇော်၊ ကျော်ကိုကိုလွင်တို့ကို မူး/စိတ်ပုဒ်မ-၁၅/၁၉ (က)/၂၁ အရ ဒီကနေ့မနက်က အမှုဖွင့်အရေးယူထားရှိပါတယ်။
နေမျိုးထွဋ်(ရေး)