သာစည်ဘူတာတွင် တပ်မတော်သား ၁ ဦး သတိမေ့လဲကျသေဆုံး
DVB
·
March 19, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့သာ စည်ဘူတာတွင် မတ် ၁၈ ရက် ညနေ ၅ နာရီ လောက်က သာစည်ကနေ ရွှေညောင်ကို ပြန်ဖို့ တပ်ကြပ်ကြီး ဆန်းဝင်း အဆင့်မြင့်မြန်မာ့ဆက်သွယ်ရေး တပ်ရင်း(၁၀) ဟာ စာပို့ရထားပေါ်တက်ချိန် သတိမေ့လဲကျ သေဆုံးသွားခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
သာစည်နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် ဖြိုးကျော်ခိုင်က “အမှတ်-၆ မြန်မာ့မီးရထားရဲတပ်ဖွဲ့ သာစည်က သေမှုသေခင်းနဲ့ အမှုဖွင့်ပါတယ်။ မြန်မာ့မီရထား ကျန်းမာရေးအဖွဲ့တွေလည်း လာတယ်။” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့စစ်သည်ကို ခမရ ၄၁၉ က တာဝန်ယူပြီး မိတ္ထီလာတပ်နယ်ဆေးရုံ ကုတင် ၅၀၀ ကို သယ်ဆောင်သွားပါတယ်။ အမှတ်-၆ မြန်မာ့မီးရထားတပ်ဖွဲ့ သာစည်က သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။
သတင်းမောင်မောင်လင်း(ဝမ်းတွင်း)