Home
မြန်မာသတင်း
နမ့်ဖတ်ကာတွင် တိုက်ပွဲဆက်ဖြစ်ပွား၊ ရွာသားများ ဗုံးဆန်ထိမှန်
DVB
·
March 19, 2017
war8
war7
war6
war5
war4
war3
war2
war1
war
war9
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဒေသဘက်မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်  အနီးနားက ရွာသားတွေ လက်နက်ထိမှန် ဒဏ်ရာရရှိသွားပါတယ်။ နမ့်ဖတ်ကာ ကျေးရွာအုပ်စု ရပ်ကွက်ကြီး(၄) အစွန်မှာရှိတဲ့  ဒေါ်အေးဆွေအသက် ၇၄ နှစ်ရဲ့နေအိမ်ကို လက်ပစ်ဗုံး ၉ လုံးကျခဲ့တာကြောင့် အိမ်သားတဦး ပေါင်နှစ်ဖက်ကို ဗုံးဆန်ထိမှန်ခဲ့ပြီး အိမ်မိုးသွပ်တွေ၊  အိမ်ထရံနဲ့ ဘုရားစင်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒေါ်အေးဆွေအိမ်ရဲ့ မြောက်ဘက်မှာနေထိုင်တဲ့ ဦးငိုဘာ အသက် ၃၃ နှစ်နဲ့ သမီးဖြစ်သူ မအယ်ဂျီတို့ ၃ယောက်လည်း လက်ပစ်ဗုံးဆန်တွေ ထိမှန်ခဲ့ပါတယ်။ အရင်တိုက်ပွဲတွေမဖြစ်ပွားခင် လက်နက်ကြီးတွေမကျခင်က ကြိတ်ကြိတ်တိုးစည်ကားခဲ့တဲ့ နမ့်ဖတ်ကာ ၅ ရက်တပါတ်ဈေးဟာလည်း ည ၈ နာရီခွဲလောက်က လက်နက်ကြီး ၃ လုံးလောက် ထပ်မံပစ်ခတ်ခံရတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး ဈေးမလာကြလို့ အရောင်းအ၀ယ်ပါးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ သတင်း-နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024