DVB Logo
Home
မြန်မာသတင်း
ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်
DVB
·
January 4, 2012
ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်
1 / 6
Donate to DVB
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာပါဝင်တဲ့​ ​ကျောက်မီး​သွေး​စက်ရုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူ​တွေကို အသိ​ပေး​တဲ့​ လှုပ်ရှား​မှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ ပြုလုပ်ခဲ့​ပါတယ်။ [caption id="attachment_19598" align="alignright" width="300" caption="​ဒေသခံတွေကို အသိပေး လှုပ်ရှားမှု ပြုလုပ်စဉ်"][/caption] ထား​ဝယ်​ဒေသက နာမည်​ကျော် ​မောင်း​မကန်ကမ်း​ခြေမှာ ဒီ​နေ့​ မနက်ပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ​ဒေသခံ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လှုပ်ရှား​မှုကို ဦး​ဆောင်ပြုလုပ်တဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ သူတို့​အဖွဲ့​ရဲ့​ ဒီ​နေ့​လုပ်​ဆောင်မှုနဲ့​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို သူက ခုလို ​ပြောပါတယ်။ “​ကျောက်မီး​သွေး​စက်ရုံ လာလုပ်မယ်။ သူတို့​ အဲဒါ လုပ်မယ့်​အ​ကြောင်း​၊​ ပြီး​ရင် ​ကျောက်မီး​သွေး​စက်ရုံက​နေပြီး​တော့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဘယ်လို ရှိတယ်။ သိသင့်​တဲ့​ဟာ​တွေ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​ လူ​တွေကို သူတို့​ သိသင့်​သိထိုက်တဲ့​ message (သတင်း​) ​တွေ​ပေါ့​။ သူတို့​အ​နေနဲ့​ ပြန်စဉ်း​စား​ပေါ့​။ အဲဒါကို လက်ခံသင့်​ကြောင်း​၊​ လက်မခံသင့်​ကြောင်း​ အဲဒီအတွက် ကျ​နော်တို့​ ​ပေး​တယ်။ ပြီး​ရင် အဲဒါနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို လက်မှတ်ထိုး​ လှုပ်ရှား​မှု လုပ်ပြီး​ ပြန်ပြီး​တော့​ ယူတယ်။ အခု သူတို့​က အဲဒါကို တကယ်လာမှာလား​ပေါ့​၊​ တကယ်လာရင် ငါတို့​က ဘယ်လိုလက်ခံရမလဲဆိုပြီး​ စိတ်ထဲက​တော့​ နည်း​နည်း​ ​ရှော့​ဖြစ်သွား​တာ​ပေါ့​။”

ဒေသခံပြည်သူများ​ လက်မှတ်​ရေး​ထိုး​နေကြစဉ်
ကျောက်မီး​သွေး​စက်ရုံ တည်​ဆောက်ဖို့​ဖြစ်လာတဲ့​ အ​ကြောင်း​ရင်း​တွေ၊​ တည်​ဆောက်ဖြစ်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေကို အဖွဲ့​ဝင်အချင်း​ချင်း​ မျှ​ဝေ​ပြောပြတာနဲ့​ လက်ကမ်း​စာ​စောင်​တွေ ဖြန့်​ချိတာ​တွေလည်း​ လုပ်​ဆောင်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ပြီး​ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာထဲမှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​အ​ပေါ် ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို ရန်ကုန်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​ပါ​သေး​တယ်။ အဲ့​ဒီသတင်း​စာရှင်း​လင်း​ပွဲ ပြီး​တဲ့​နောက်မှာလည်း​ ထိုင်း​နိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွား​ရောက် ​လေ့​လာခဲ့​ကြပြီး​ အဲ့​ဒီက​တွေ့​ရှိလာတဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကိုလည်း​ ဒီ​နေ့​မှာ တဆင့်​ မျှ​ဝေခဲ့​ကြပါတယ်။ ထား​ဝယ်​ဒေသခံ​တွေရဲ့​ သ​ဘောထား​တွေ ​ဖော်ထုတ် သိရှိပြီး​ရင်​တော့​ သက်ဆိုင်ရာ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သမ္မတထံ စာ​ရေး​တင်ပြဖို့​ ရှိတယ်လို့​ သိရပါတယ်။ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာပါဝင်တဲ့​ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံဟာ ကာဗွန်ထုတ်လွှတ်မှု တနှစ် တန်သန်း​ ၃၀ ရှိနိုင်ပြီး​ ထိုင်း​တနိုင်ငံလုံး​ ထုတ်လွှတ်မှုရဲ့​ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။ ဒါ့​အပြင် စက်ရုံက ထွက်ရှိလာမယ့်​ ဓာတ်​ငွေ့​တွေ​ကြောင့်​လည်း​ လူနဲ့​ ပတ်ဝန်း​ကျင်တို့​ ထိခိုက်ပျက်စီး​နိုင်တယ်လို့​ ​လေ့​လာမှု စစ်တမ်း​တခုအရ သိရ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ်ထုတ် ဝီး​ကလီအဲလဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။
Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်