မြစ်ကြီးနားမြို့တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှု ဖြစ်ပွား
DVB
·
March 17, 2017
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်မီးသတ်စခန်းနဲ့ ၂ မိုင်လောက် ကွာဝေးတဲ့ ရမ်ပူရပ်ကွက်၊ နယ်မြေ-၈ အိမ်အမှတ်-၁၇၀/B၊ အိမ်ရှင် ဦးပရင်းလာယ် နေအိမ်မှာ ဒီနေ့မနက် ၆ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ အိမ်ငှား ဒေါ်စန္ဒာမင်းရဲ့ သွပ်မိုးထရံကာ မြေစိုက်နေအိမ်မှာ လူမရှိဘဲ ဖုန်းအားသွင်းရာကတဆင့် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ ပြည်နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ အရန်မီးသတ် ရေသယ်ယာဉ် ၁ စီး၊ စည်ပင်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅ ဦးတို့ သွားရောက် မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အဆိုပါ မီးလောင်နေအိမ်မှတဆင့် ပတ်ဝန်းကျင်ရှိ နေအိမ် ၂ လုံး ကူးစက်လောင်ကျွမ်းခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိဘဲ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၅၇၀၀၀၀ ခန့် ဆုံးရှုံးခဲ့ပါတယ်။
မီးပေါ့ဆသုံးစွဲသူ အိမ်ငှား ဒေါ်စန္ဒာမင်းကို နယ်မြေရဲစခန်းမှ (ပ) ၄၁/၁၇ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်းပေးပို့ - ခင်ဆွေ(မော်လူး)