ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ ထပ်မံကြေညာ
DVB
·
March 17, 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့ ဒုတိယအကြိမ်မဲစာရင်းတွေကို ရပ်ကျေး ကော်မရှင်ရုံးတွေမှာ မတ် ၁၇ ရက်ကနေ ၃၀ ရက်အထိ ရွေးကောက်ပွဲကော်မရှင်က ထပ်မံကြေညာပေးနေပါတယ်။
ဒုတိယအကြိမ်မဲစာရင်းတွေ ကြေညာရာမှာတော့ မဲပေးခွင့်ရှိသူတွေရဲ့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေကိုလည်း ထုတ်ပေးနေပါတယ်။
မဲပေးခွင့်ရှိသူတွေအနေနဲ့ ရပ်ကျေးကော်မရှင်ရုံးတွေမှာ မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေကို မနက် ၈ နာရီကနေ ညနေ ၆နာရီအထိ တအိမ်ထောင်တယောက်နှုန်း သွားရောက်ထုတ်ယူ နိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။