မြိတ်ကျွန်းစု ရေပြင်အတွင်း ငါးခိုးဖမ်းသည့် ဝါလတ်ရေယာဉ် ၂ စီး ဖမ်းဆီးမိ

မြိတ်ကျွန်းစုရေပြင်မှာ တရားမ၀င်ငါးခိုးဖမ်းတဲ့ စည်းကမ်းပျက် ဝါလတ် ၂ စီးကို မတ် ၁၅ ရက်က တပ်မတော်ရေတပ်က ဖမ်းဆီးလိုက်ပါတယ်။ ကျွန်းစုမြို့နယ်၊ ဒုန်းကျွန်းအနောက် ကမ်းနီးရေပြင်မှာ ကမ်းဝေးဝါလတ် ၂ စီး ဝင်ရောက်ဖမ်းဆီး နေတယ်လို့ ဒေသခံများ သတင်းပေးပို့ချက်အရ ကမ်းဝေးငါးဖမ်း ဝါးလတ်လှေတွေ ဖြစ်တဲ့ အောင်မိုးသိန်း (၇၂) လှေပိုင်ရှင် ကွက်သစ်နေသူ ဦးဝင်းမြင့်နဲ့ သီတာရေလုပ်ငန်းကုမ္ပဏီပိုင် အောင်ချမ်းသာ (၁) လှေ ၂ စီးတို့ဟာ ကမ်းနီးရေပြင်မှာ ဝင်ရောက်ငါးခိုးဖမ်းနေတာကို တွေ့ရှိခဲ့တာပါ။ အဆိုပါ ကမ်းဝေးငါးဖမ်းဝါးလတ်လှေ ၂ စီးဟာ မြိတ်မြို့မှာ အဖွဲ့စုံနဲ့ စစ်ဆေးမှုခံယူပြီး ခွင့်ပြုငါးဖမ်းကွက်အတွင်း ငါးဖမ်းဆီးဖို့ ပင်လယ်ပြင်ကို ထွက်ခွာလာတဲ့လှေတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကမ်းနီး ငါးခိုးဖမ်းတဲ့ လှေ ၂ စီးကို အရေးယူနိုင်ရန်အတွက် တပ်မတော်ရေမှ မြိတ် ငါးဦးစီးဌာနကို မတ် ၁၆ ရက် ညနေပိုင်းမှာ လွှဲပြောင်းထားပြီး ရုံးချုပ်ကို တင်ပြထားတယ်လို့ မြိတ်ငါးဦးစီးဌာနက သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up