Home
ရုပျသံ
လောက်​ကိုင်​တိုက်​ပွဲ ဆက်​လက်​ဖြစ်​ပွားဆဲ (ရုပ်သံ)
DVB
·
March 16, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားဆဲဖြစ်တယ်လို့ လောက်ကိုင်တဘက်ခြမ်း တရုတ်ပြည်နယ်စပ် နန်းဆန်မြို့ ဒေသခံတဦးကပြောပါတယ်။ “မနေ့ညကဆိုရင် ည ၂ နာရီအထိပဲ။ အပြင်းအထန် ချနေတယ်။ ဒီဘက်မှာလည်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ နယ်စပ်နဲ့ ၂ မိုင်အကွာအဝေးကို သူတို့ ပေးမသွားတော့ဘူး” လို့ နန်းဆန်မြို့ ဒေသခံတဦး ဝမ်အိုက်တင်က ပြောပါတယ်။ လောက်ကိုင်တိုက်ပွဲက ရက်ပေါင်း ၁၀ ရက်ရှိပြီဖြစ်တော့လည်း တိုက်ပွဲငြိမ်သက်သွားခြင်း မရှိဘဲ အခုအချိန်ထိလည်း လက်နက်ငယ်အသံများ ကြားနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ခုတော့ ဒီဘက်မှာ ထိခိုက်ဒဏ်ရာရတဲ့လူတော့ မကြားမိတော့ဘူး။ လက်နက်ကြီးတွေကတော့ ကျတော့ကျနေတာပဲလေ။ အဲနယ်စပ်နားကို ဘယ်သူမှ မသွားတော့ မထိတော့ဘူး။ ဒါပေမယ့် သူတို့ ကြံခင်းတော့ သူတို့ လုပ်လို့မရတော့ဘူးလေ။ ကျနော်လည်း နေ့တိုင်း တိုက်ပွဲဖြစ်နေတော့ သွားကို မကြည့်ချင်တော့ဘူး။ တရုတ်အစိုးရလည်း အဲဒီလက်နက်ကိုင်တွေကို ခေါ်ယူပြီးတော့ ဆွေးနွေးတယ် လို့ ကြားတယ်။ ဝမ်းသာပါတယ်။ နန်းဆန်ဆိုတာလည်း နယ်စပ်ဖြစ်နေလို့ စိုးရိမ်မိတယ်” လို့ သူက ဆက်ပြောပါတယ်။ မနေ့ မတ်လ ၁၄ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဆွန်ကောချန်းနဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်တဲ့ KIA ၊ AA ၊ TNLA နဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီး တိုက်ပွဲ အရှိန်လျှော့ချရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024