DVB Logo
Home
မြန်မာသတင်း
လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​နှင့်​ပတ်သက်ပြီး​ ​ဝေဖန်သုံး​သပ်ချက်များ
DVB
·
January 3, 2012
လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​နှင့်​ပတ်သက်ပြီး​ ​ဝေဖန်သုံး​သပ်ချက်များ
Donate to DVB

ဒီနှစ်သစ် ဇန်ဝါရီလ ၂ ရက်​နေ့​ ည​နေ ၄ နာရီမှာ သမ္မတဦး​သိန်း​စိန်အမိန့်​နဲ့​ အကျဉ်း​သား​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို ​ကြေညာလိုက်ပါတယ်။

[caption id="attachment_19536" align="alignright" width="300" caption="မဇင်မာအောင်၊ ပဒိုဒေးဗစ်ထော၊ ဦးဥာဏ်ဝင်း​"][/caption]

ဒါ​ပေမယ့်​ ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ဟာ စစ်မှန်တဲ့​ လွတ်ငြိမ်း​ချမ်သာခွင့်​မဟုတ်ဘဲ နိုင်ငံ​ရေး​အကျဉ်း​သား​အ​တော်များ​များ​လွတ်ဖို့​ အလား​အလာ နည်း​နေတယ်လို့​ ​ဝေဖန်သုံး​သပ်မှု​တွေ ရှိ​နေပါတယ်။

၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​ကို ကြိုဆိုဂုဏ်ပြုတဲ့​အ​နေနဲ့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ကို နိုင်ငံပိုင် ရုပ်သံလိုင်း​နဲ့​ ​ရေဒီယို​တွေက ဇန်နဝါရီလ ၂ ရက်ည​နေ ၄ နာရီမှာ ​ကြေညာသွား​ခဲ့​ပါတယ်။

လွတ်ငြိမ်း​ချမ်း​သာခွင့်​အရ ​သေဒဏ်ချမှတ်ခံရသူ​တွေကို ​ထောင်ဒဏ်တသက်၊​ ​ထောင်ဒဏ်တသက် အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံ​နေရ​တွေကို နှစ် ၃ဝ၊​ နှစ် ၂ဝ က​နေ နှစ် ၃ဝ အထိ ကျခံ​နေရသူ​တွေကို နှစ် ၂ဝ၊​ နှစ် ၂ဝ ​အောက် ကျခံ​နေရသူ​တွေကို ချမှတ်ထား​တဲ့​ ​ထောင်ဒဏ်ရဲ့​ ​လေး​ပုံတပုံ အသီး​သီး​ ​လျှော့​ပေါ့​လိုက်​ကြောင်း​ ​ကြေညာသွား​ခဲ့​ပါတယ်။

ဒီလွတ်ငြိမ်း​ချမ်း​သာမိန့်​နဲ့​ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က​တော့​ ဒီအမိန့်​ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် သတ်မှတ်ထုတ်ပြန်တဲ့​ အမိန့်​မဟုတ်ဘူး​လို့​ ​ပြောပါတယ်။

“နိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် သတ်မှတ်ပြီး​ ထုတ်ပြန်တဲ့​အမိန့်​မဟုတ်ဘူး​။ ​နောက်ပြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ဆိုတာထက် ပြစ်ဒဏ်​လျှော့​ပေါ့​တဲ့​ အမိန့်​ပဲ​လေ။ အဲ​တော့​ လွတ်တာ​တော့​ ဘယ်သူလွတ်လွတ် အန်ကယ်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အထူး​သဖြင့်​ လွတ်​စေချင်တယ်။”

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ဟာ ကစား​ကွက်တခုသာဖြစ်ပြီး​ အစိုး​ရအ​နေနဲ့​ ရိုး​သား​မှု မရှိဘူး​လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က နိုင်ငံ​ရေး​အကျဉ်း​သူ​ဟောင်း​ မဇင်မာ​အောင်က ​ပြောပါတယ်။

“ကျမတို့​အား​လုံး​ ဖြစ်​စေချင်တာ​တွေက နိုင်ငံ​ရေး​အကျဉ်း​သား​ လွှတ်ခြင်း​ကိစ္စနဲ့​ ဒီမိုက​ရေစီအသွင်​ပြောင်း​လဲ​ရေး​ကိစ္စ​တွေဟာ အင်မတန်အ​ရေး​ကြီး​တဲ့​ ဆက်စပ်မှုတခုလို့​ ကျမတို့​ကမြင်တယ်။ ဒါ​ကြောင့်​မို့​လည်း​ တကယ့်​ ဒီမိုကရက်တစ် အ​ပြောင်း​အလဲမှာ ပါနိုင်တဲ့​ ၈၈ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ အပါအဝင် တခြား​သော နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကုန်လုံး​ကို လွှတ်​ပေး​ဖို့​၊​ လွှတ်​ပေး​မယ်လို့​လည်း​ ​မျှော်လင့်​ထား​ကြတယ်။ ဒါ​ပေမယ့်​ အဲ့​လို ​မျှော်လင့်​ထား​ပြီး​ ဖြစ်မလာဘူး​။ ကစား​ကွက်တခုလို လုပ်​နေတယ်လို့​ မြင်တယ်။ ကျား​ကစား​သလိုပဲဖြစ်ဖြစ်၊​ စစ်တုရင်ကစား​သလိုပဲဖြစ်ဖြစ် ထိုး​ကျွေး​လိုက်။ စား​လိုက် တကွက်တက်ဖို့​လုပ်လိုက် အဲလိုမျိုး​ပုံစံပဲ မြင်တယ်။”

လာမယ့်​ ၁၂ ရက်​နေ့​မှာ အစိုး​ရနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ သွား​ရောက် ​ဆွေး​နွေး​ဖို့​ရှိတဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​က​တော့​ ဒီအစိုး​ရကို ယုံကြည်တယ်၊ မယုံဘူး​ဆိုတာကို ​ပြောဖို့​ အချိန်​စော​သေး​တယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကော်မတီ အတွင်း​ရေး​မှူး​ ပဒို ​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

“အခုဖြစ်တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​က သူတို့​ရည်ရွယ်ချက်က တခုခုဖြစ်မယ်လို့​ အဲလိုခန့်​မှန်း​တယ်။ ဘာလို့​လဲဆို​တော့​ ဝန်ကြီး​ဦး​အောင်မင်း​ ​ပြောသွား​တဲ့​ ဒီအကျဉ်း​သား​တွေ လွတ်မယ်ဆိုတဲ့​ကိစ္စက ကျ​နော်တို့​ အချိန်နည်း​နည်း​ ​စောင့်​ကြည့်​ဖို့​လိုတယ်။ ဇန်နဝါရီ ၄ ရက်ဆို​တော့​လည်း​ ရက်က သိပ်မလို​တော့​ဘူး​။ အဲဒီမှာ ဘယ်သူ​တွေပါမလဲ။ ​နောက် ​ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့​မှာ ဘယ်သူ​တွေပါမလဲ။ ဒါက နိုင်ငံ​ရေး​အကျဉ်း​သား​လို့​ သတ်မှတ်ထား​တဲ့​ လူပုဂ္ဂိုလ်​တွေ ပါဝင်မယ်လို့​ပဲ ကျ​နော်တို့​ယုံကြည်တယ်။ ပြစ်မှု​တွေနဲ့​ ပတ်သက်ပြီး​ ​လျှော့​ပေး​တာ၊​ လွှတ်​ပေး​တာ​တွေက တသီး​တခြား​များ​ ဖြစ်​နေမလား​ဆိုတာ ​စောင့်​ကြည့်​ဖို့​တော့​ လိုအပ်မယ်လို့​ ထင်ပါတယ်။ အခုဒီလိုဖြစ်လာတဲ့​ အ​နေအထား​ပေါ်မှာ မယုံဘူး​၊​ ယုံတယ်​ပြော​နေတာက​တော့​ နည်း​နည်း​စောပါ​သေး​တယ်။”

အခုတစ်​ခေါက် လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​တာဟာ သမ္မတ ဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ တတိယအကြိမ်​မြောက် ဖြစ်ပါတယ်။ ပထမတကြိမ် ၂၀၁၁ ခု ​မေလတုန်း​က အကျဉ်း​သား​ ၁၄,၀၀၀ ​ကျော်နဲ့​ ဒုတိယ တ​ခေါက် ၂၀၁၁ ​အောက်တိုဘာလမှာ အကျဉ်း​သား​ ၆,၃၀၀ ​ကျော်ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013