Home
မြန်မာသတင်း
မြိတ်လေတပ် စစ်ရဟတ်ယာဉ်တစီး စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ
DVB
·
March 15, 2017
မြိတ်လေတပ်စခန်းက ရဟတ်ယာဉ်တစီး စက်ချို့ယွင်းတာကြောင့် စစ်တောင်းမြစ်ကမ်းနား ဘေးရှိ လယ်ကွင်းထဲကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ မြိတ်လေတပ်စခန်းက လေ့ကျင့်ရေး No:6410, MI2 ရဟတ်ယာဉ်တဦးဟာ မြိတ်လေတပ်စခန်းကနေ မှော်ဘီလေတပ်စခန်းသို့ ပျံသန်းလာစဉ် မတ်လ ၁၅ ရက် ၃ နာရီကျော်လောက်က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကုက္ကိုကျေးရွာအုပ်စု ညောင်ကားယား ကျေးရွာ ဦးဌေးဝင်း လယ်ကွက်ထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ရတာလို့ ဆိုပါတယ်။ ရဟတ်ယာဉ် စက်ချို့ယွင်းတာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် ရဟတ်ယာဉ်ပေါ်မှာ ပါလာသူတွေနဲ့ ရဟတ်ယာဉ်မှာ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ သတင်း - အောင်စိုးမိုး (ပဲခူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024